ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက်မောင်းပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

 

နေပြည်တော်  မေ  ၂၆ 


မကွေးတိုင်း     ဒေသကြီး အောင်လံမြို့တွင်    နေထိုင် သည့် အသက်(၃)နှစ်အရွယ် မိန်းကလေးသည်  မတ် ၂၀ ရက် နံနက် ၉ နာရီတွင် မိဘ များနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထော်လာ ဂျီနှင့်  တိုက်မိသောကြောင့် ညာဘက်လက်မောင်း  ပြတ် တောက်သွားသည့် ဒဏ်ရာ (Amputated Right Arm)ဖြင့် ပြည်သူ့ဆေးရုံအောင်လံ မြို့မှတစ်ဆင့်     ရန်ကုန် ပြည်သူ့      ဆေးရုံကြီးသို့ ယင်းနေ့ ညနေ ၄ နာရီတွင် ရောက်ရှိလာခဲ့ရာ အဆိုပါ ကလေးငယ်၏ ပြတ်တောက် သွားသော လက်ကိုပြန်လည်  ဆက်ပေးသည့် ခွဲစိတ်ကုသမှု ကို  ညနေ ၅နာရီမှ စတင်ခဲ့ ပြီး ည ၁၀ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ    ဆောင်ရွက် ပြီးစီးခဲ့သည်။

 


ရန်ကုန်   ပြည်သူ့ဆေးရုံ ကြီးသို့  လူနာရောက်ရှိလာ သည်နှင့်     တစ်ပြိုင်နက် အရေးပေါ်     ကုသမှုဌာနမှ ဆရာဝန်များ၊    သူနာပြုများ နှင့်   ကျန်းမာရေးဝန်ထမ်း များက အရေးပေါ်ပြုစုကုသမှု များပြုလုပ်ပြီး  လိုအပ်သော စမ်းသပ်      စစ်ဆေးမှုများ  ပြုလုပ်ခြင်းကို    အချိန်နှင့် တစ်ပြေးညီ      ပြုလုပ်ကာ ရန်ကုန်  ပြည်သူ့ဆေးရုံကြီး မှ    အထူးကုဆရာဝန်ကြီး (လက်ပိုင်းဆိုင်ရာ    ခွဲစိတ်) ဒေါက်တာ တင်ထွန်းအောင် နှင့်      အထူးကုဆရာဝန် (လက်ပိုင်းဆိုင်ရာ     ခွဲစိတ်) ဒေါက်တာ    ဖြိုးမောင်မောင် တို့ ဦးဆောင်သည့်  လက်ပိုင်း ဆိုင်ရာ  ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုးတို့ ဦးဆောင်သည့်      မေ့ဆေး အထူးကု      ဆရာဝန်ကြီး များ   အဖွဲ့နှင့်   သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့    ပါဝင် သော   သူနာပြုများအဖွဲ့တို့ ပူးပေါင်း၍     ပြတ်တောက် သွားသောလက်အား    ပြန် လည်ဆက်ခြင်း (Replantation)      ခွဲစိတ်ကုသမှုကို  အောင်မြင်စွာ    ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်သည်။  

 


အဆိုပါ     လူနာသည်  ရန်ကုန်   ပြည်သူ့ဆေးရုံကြီး ၏မှတ်တမ်းများအရ အသက် အငယ်ဆုံး     လက်မောင်း ပြန်ဆက်သည့်   လူနာဖြစ်ပြီး လက်မှာ      ခွဲစိတ်ပြီးချိန်မှ စတင်၍     သွေးကြောများ ဖြည်းဖြည်းချင်း    ပြန်လည် လှည့်ပတ် စီးဆင်းလာပြီဖြစ် သဖြင့် ပြန်လည်သန်စွမ်းရေး အဆောင်သို့        ပြသကာ လေ့ကျင့်ခန်းများ    ဆောင် ရွက်ခဲ့ပြီး   ဧပြီ ၂၄ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။ မေ ၁၀   ရက်တွင်   ရန်ကုန် ပြည်သူ့       ဆေးရုံကြီးသို့ ပြန်လည် တက်ရောက်စေ၍ မေ ၁၆   ရက်တွင်   နောက် ဆက်တွဲ     ကုသမှုဖြစ်သည့် ပြတ်တောက်သွားသော အာရုံ  ကြောများ ဆက်ခြင်း (Sural Nerve Graft)ခွဲစိတ်ကုသမှု ကို     ဆောင်ရွက်နိုင်ခဲ့ကာ  လေ့ကျင့်ခန်း     ဆက်လက် ပြုလုပ်လျက်ရှိပြီး  ကလေး ငယ်၏    လက်အခြေအနေ ကောင်းမွန်လျက်ရှိသည်။ 

 


ထိုလက်ပြတ်တောက် သွားသည့်          လူနာကဲ့ သို့  ပြတ်တောက်သွားသော လက်ကို      ခွဲစိတ်ကုသမှု ဆောင်ရွက်ရန်      အတွက် ပြည်သူ့   ဆေးရုံကြီးများသို့ လွှဲပြောင်း    ပေးပို့မည်ဆိုပါ က    ပြတ်တောက်သွားသော လက်အား       ရေသန့်သန့်  သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate) ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ် အောင်စိမ်ထားသော  ခွဲစိတ် ခန်းသုံး    အဝတ်စ(Gauze) ဖြင့်ပတ်၍    သန့်ရှင်းသော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍     လည်း ကောင်း၊  အကြောဆေးရည် ထည့်ထားသော     သန့်ရှင်း သော   ပလတ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း  လုံခြုံစွာပိတ် ပြီးရေခဲထည့်ထားသော ရေခဲ ပုံးအတွင်းထည့်၍ အမြန်ဆုံး လွှဲပြောင်း ပေးပို့နိုင်ကြောင်း သိရသည်။        

 

သတင်းစဉ်