ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ်တစ်သန်း လွှဲပြောင်းလက်ခံပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   မေ   ၂၆


ကမ္ဘောဒီးယားနိုင်ငံမှ  မြန်မာနိုင်ငံ သို့    လှူဒါန်းသည့်   Sinovac အမျိုးအစား   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး  doses တစ်သန်း  နှင့်      ကာကွယ်ဆေးထိုးအပ် တစ်သန်းတို့သည်    ယနေ့နံနက် ၇နာရီခွဲတွင်       နေပြည်တော် အပြည်ပြည်ဆိုင်ရာ    လေဆိပ်သို့ လေယာဉ်ခရီးစဉ် အမှတ် KR3763 အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း     အခမ်း အနားကို နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်ရှိ     အရေးကြီး ပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင် ကျင်းပရာ    ကျန်းမာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဒေါက်တာ အေးထွန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath တို့  ဦးဆောင် သော      ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။ 

 


အဆိုပါ     အခမ်းအနားတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု    ကာကွယ်ထိန်းချုပ် နိုင်ရေး နှစ်နိုင်ငံ  ချစ်ကြည်ရင်းနှီးမှု အား    ရှေးရှု၍    လှူဒါန်းသော  Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး   doses တစ်သန်းနှင့်      ကာကွယ်ဆေး ထိုးအပ်တစ်သန်းတို့အား  ကမ္ဘော ဒီးယားနိုင်ငံ   ကျန်းမာရေးဝန်ကြီး ဌာန၊ Permanent Secretary of State၊ H.E. Dr. Youk Sambath က လွှဲပြောင်းပေးအပ်ရာ  ကျန်းမာ  ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက    လက်ခံ ရယူခဲ့ပြီး     ကျေးဇူးတင်ဂုဏ်ပြု လွှာ     ပြန်လည်ပေးအပ်သည်။   ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကူးကာ  အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

 


အဆိုပါ        အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊   ပြည်သူ့  ကျန်းမာရေးဦးစီးဌာန၊  ညွှန်ကြား ရေးမှူးချုပ်၊    ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊    နေပြည်တော် ကောင်စီ     ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ  သံအမတ်ကြီးနှင့်  သံရုံးဝန်ထမ်း များ၊   နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက် ခဲ့ကြသည်။

 


ယခင်      နှစ်များကလည်း  ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံ ၏   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများတွင်    အသုံးပြုနိုင်ရေး   ဆေးနှင့် ဆေးပစ္စည်းများ၊  လှူဒါန်းငွေများ ကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။      

 
သတင်းစဉ်