၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ

 

နေပြည်တော်   မေ    ၂၅
၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊  အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍    ကျောင်းသား   ကျောင်းသူများအား  ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း    တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးရှိ     အခြေခံပညာ   ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊   ကျောင်းအုပ်ချုပ်မှုတာဝန်ခံ များနှင့် ဆရာ   ဆရာမများက ကျောင်းလာရောက် အပ်နှံသူ   မိဘအုပ်ထိန်းသူများနှင့်  ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံ နိုင်ရေး     ဆောင်ရွက်ပေးကြပြီး    ကျောင်းသား ကျောင်းသူများအတွက်  ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း     တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။ 
ကျောင်းအပ်နှံရေးသီတင်းပတ်၏ တတိယရက် ဖြစ်သည့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့်      ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း များ၌ ကျောင်းအပ်နှံသူ ၃၇၅၃၄၉၁ ဦး ရှိပြီး ကျောင်းများ၏   လုံခြုံရေးနှင့်    ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့်    ဆရာ၊    ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့်   ကျောင်းသား ကျောင်းသူများနှင့် မိဘများ၏   လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိ  ပြည်သူများက    ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည် များ    ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်