
ဟိုပန် မေ ၂၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော် သည် ယနေ့နံနက် ၉ နာရီက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ရှိ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲသို့ “ဝ”ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင် များ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ခရိုင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပညာရေးဝန်ထမ်း များ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေး ရာသီ တွင် မိဘများ အခက်အခဲမရှိစေဘဲ သားသမီးများကို ကျောင်းအပ်နှံ နိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနမှ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်း သုံးပုံနှိပ် ပြဋ္ဌာန်းဖတ်စာအုပ်များ ကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိ ကြောင်း၊ အခြေခံပညာ မူလတန်း အဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ အတွက် အခမဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ပေးလျက် ရှိပါ ကြောင်း၊ ဟိုပန်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ရေ၊ သန့်စင်ခန်းနှင့် ကျောင်းသုံးပစ္စည်း လိုအပ်ချက်များကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့မှတစ်ဆင့် တင်ပြသွား ရန်၊ ကျောင်းနေအရွယ် ကလေး အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ် နှင့်အညီ အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ဦးထွန်း ထွန်းဝင်းက အုပ်ချုပ်ရေး၊ စီးပွား ရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ မြို့နယ်ပညာရေး မှူး ဦးအောင်မိုးက ပညာရေးကဏ္ဍ ဆိုင်ရာ ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က ပညာရေးကဏ္ဍ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို မြို့နယ်ပညာရေမှူးထံ ပေးအပ်ပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနား သို့ တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်သည် အခြေခံပညာ အထက်တန်းကျောင်းခွဲ (ရွှေဝါ)နှင့် အခြေခံပညာအထက်တန်း ကျောင်း (ဟိုပန်)သို့ ရောက်ရှိပြီး ကျောင်းအပ်နှံမှု အခြေအနေကို ကြည့်ရှုအားပေးကာ ပညာရေး ဌာနမှ တာဝန်ရှိသူများကို တွေ့ဆုံ ပြီး လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်သည် ဟိုပန်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အောက်ဆီဂျင်စက်ရုံနှင့် Isolation ward ဆောက်လုပ်မည့်နေရာ တို့ကို ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက် ကုသနေ သည့် လူနာများကို ထောက်ပံ့ ပစ္စည်းများ ပေးအပ်၍ ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့်တွေ့ဆုံကာ ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်