ဒုတိယဗိုလ်ချုပ်ကြီး လူအေး ကျောက်ဖြူမြို့၌ သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများကို သောက်သုံးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

 

ကျောက်ဖြူ    မေ   ၂၄
ဒုတိယဗိုလ်ချုပ်ကြီး   လူအေးနှင့်   တာဝန်ရှိသူများ သည် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ   ယနေ့  နံနက်ပိုင်းက ကျောက်ဖြူမြို့တွင်    မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေ သည့်    ရခိုင်ပိုက်ဆိပ်ရပ်ကွက်နှင့်    စေတီတောင် ရပ်ကွက်တို့မှ ဒေသခံပြည်သူများကို  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက  ရေဂါလန်   ၁၆၀၀   ဆံ့ ရေသယ်ယာဉ်နှစ်စီး၊ တပ်မတော်မှ ရေဂါလန် ၂၀၀၀ ဆံ့  ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က ရေဂါလန် ၁၀၀၀ ဆံ့  ရေသယ်ယာဉ် တစ်စီးတို့ဖြင့်   သောက်သုံးရေများ   ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား   သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေး မှာကြားသည်။ 
ထို့နောက်     ဒုတိယဗိုလ်ချုပ်ကြီး   လူအေးနှင့် တာဝန်ရှိသူများသည်  ကျောက်ဖြူခရိုင်   ပြည်သူ့ ဆေးရုံကြီးသို့   ရောက်ရှိရာ    ခရိုင်ဆရာဝန်ကြီး ဒေါက်တာ  ရဲလွင်မောင်က   မုန်တိုင်းတိုက်ခတ်မှု ကြောင့် ပျက်စီးမှုများနှင့် ပြန်လည်ပြင်ဆင်ပြီးစီးမှုများ အား ရှင်းလင်းတင်ပြပြီး ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးဖြစ်သည့်  မီးစက်ခေါင်မိုး   အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။      ယင်းနောက်      ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော လူနာ များအား    တွေ့ဆုံအားပေးစကား     ပြောကြားပြီး အာဟာရဖြည့်အစားအစာများကို ပေးအပ်ခဲ့သည်။ 
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး  လူအေးနှင့်  တာဝန်ရှိသူများသည်    ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ        ဂိုဒေါင်နေရာများသို့ သွားရောက်ကာ   အိမ်ထောင်စု     ၅၀၀   အတွက် ထားရှိသည့်  ကယ်ဆယ်ရေးပစ္စည်းများ၊   သွပ်များ၊ မိုးကာများ၊     တာပေါ်လင်စများ   အစရှိသည့် ထောက်ပံ့ရေးပစ္စည်းများအား   ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများ  လေလွင့်ဆုံးရှုံးမှုမရှိစေရေး    မှာကြားပြီး  လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းတိုက်ခတ်မှုကြောင့်  ပျက်စီးခဲ့သည့်  စာသင် ကျောင်းခေါင်မိုးခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်  တာဝန်ရှိသူများသည်  ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် အဆောက်အဦ များ ပျက်စီးမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ ရိပ်သာနေ ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားများပြောကြားပြီး  စားရေရိက္ခာနှင့်  အလှူငွေ များ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်း ကြောင့်    ဌာနဆိုင်ရာရုံးများ၊   စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်     လူနေအိမ်များ ပျက်စီးသွားသည့်   အဆောက်အဦများကို   စာရင်း ကောက်ယူရေးနှင့် စာရင်းဇယားများတိကျမှန်ကန် စွာရရှိရေးတို့ကို ရှင်းလင်းပြောကြားရာ ဌာနဆိုင်ရာ များ၏    တင်ပြချက်အပေါ်   ဒုတိယဗိုလ်ချုပ်ကြီး လူအေးမှ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)