ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  မေ   ၂၄


ဥပဒေရေးရာ                  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး      နှင့်      ပြည်ထောင်စု      ရှေ့နေချုပ် ဒေါက်တာသီတာဦး     သည်     မြန်မာနိုင်ငံ          ဆိုင်ရာ        တရုတ်သံအမတ်  H.E. Mr .Chen Hai  ကို  ယနေ့ မွန်းလွဲ ၁  နာရီ တွင်    ဥပဒေရေးရာ     ဝန်ကြီးဌာန         အစည်းအဝေးခန်းမ၌  လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်          ပြည်ထောင်စု ဝန်ကြီးနှင့်    ပြည်ထောင်စုရှေ့နေ ချုပ်က တရုတ်နိုင်ငံ ဟောင်ကောင် မြို့တွင်  ကျင်းပခဲ့သော (၅၉) ကြိမ် မြောက်  အာရှ-  အာဖရိက ဥပဒေ အတိုင်ပင်ခံအဖွဲ့     (Asia-Africa Legal Consultative  Orga-nization-AALCO)ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Wong Yi ၏ ဖိတ်ကြားချက်အရ    တက်ရောက် ခဲ့ပါကြောင်း၊ AALCO ညီလာခံတွင် တရုတ်နိုင်ငံမှ      အဆိုပြုသော  theme ဖြစ်သည့် “Upholding International   Law   for   A Community of Shared Future: the Role of Asian and African Countries” အပေါ်  ထောက်ခံ ဆွေးနွေးခဲ့ပါကြောင်း၊   တရုတ်-မြန်မာ   နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကို အခြေခံ၍ တရုတ်နိုင်ငံ China- ASEAN Legal Research Center နှင့်    ဥပဒေရေးရာဝန်ကြီးဌာနတို့ အကြား   နားလည်မှုစာချွန်လွှာ (MoU)ကို    လက်မှတ်ရေးထိုးရန် ပြင်ဆင်ဆောင်ရွက်လျက်     ရှိပါ ကြောင်း၊ အဆိုပါ MoU အရ Legi-slative Research, Cultivation of Legal Talents  နှင့်  Legal Consulting Services နယ်ပယ် တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊        capacity building နှင့်  စပ်လျဉ်း၍  ဥပဒေ ရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိ များအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်အတွက်    တရုတ် နိုင်ငံသို့ စေလွှတ်၍ ပညာသင်ကြား စေခဲ့ပါကြောင်း၊     ပညာသင်သွား ရောက်သည့်        ကျောင်းသားများ အား     ဥပဒေရေးရာကိစ္စရပ်နှင့် နိုင်ငံတကာအတွေ့အကြုံများ ရရှိ ရေး လေ့လာစေလျက်ရှိပါကြောင်း၊ China-ASEAN   Prosecutors General   Conference   အား မြန်မာနိုင်ငံတွင်   အိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးအတွက်  တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေးနွေး လျက်ရှိပါကြောင်း၊  တရုတ်နိုင်ငံ အနေဖြင့်   မြန်မာနိုင်ငံအား   ပံ့ပိုး ကူညီပေးမှုများအပေါ်    အထူး ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေး ပြောကြားသည်။ 

 


ယင်းနောက်     မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr.Chen Hai က  မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ သည့်  မိုခါမုန်တိုင်းဒဏ် ထိခိုက် ခံစားခဲ့ရသည့် ဒေသခံပြည်သူများ အပေါ်   စာနာထောက်ထားမိပါ ကြောင်း၊ တရုတ်နိုင်ငံက ပြန်လည် ထူထောင်ရေး  လုပ်ငန်းများတွင် ပံ့ပိုးကူညီ       ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊    ဥပဒေရေးရာ ဝန်ကြီးဌာနနှင့်    လက်မှတ်ရေး ထိုးမည့်  MoU  ကိစ္စရပ်အပေါ် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊    ဥပဒေပြု ရေး၊   တရားစီရင်ရေးနှင့်    တရား ဥပဒေစိုးမိုးရေး  ကိစ္စရပ်များတွင် တရုတ်နိုင်ငံက       ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်      ဖြစ်ပါ ကြောင်း၊ ကျောက်ဖြူ အထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ကို  အမြန်ဆုံးအကောင်အထည် ဖော် ဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးသည်။         


 သတင်းစဉ်