
နေပြည်တော် မေ ၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အေစီယူတာဝန်ခံ အရာထမ်းတို့သည် ယနေ့ မွန်းလွဲ ၁၂နာရီ၄၅ မိနစ်တွင် အီရန်နိုင်ငံ တီဟီရန်မြို့၌ ကျင်းပ သည့် (၅၁) ကြိမ်မြောက် အာရှဗဟိုဘဏ်များငွေစာရင်း ရှင်းလင်း ရေးအဖွဲ့ (အေစီယူ)ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ Video Confer-encing ဖြင့် တက်ရောက်သည်။
လေ့လာသူအဖြစ် တက်ရောက်
အစည်းအဝေးသို့ အေစီယူအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အီရန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မော်လဒိုက်နိုင်ငံတို့မှ ကိုယ်စား လှယ်များ တက်ရောက်သည်။ ထို့အပြင် ရုရှားနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ဘီလာရုစ်နိုင်ငံနှင့် အစ္စလာမ္မစ် ဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ် များသည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုနှင့် အလားအလာများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အေစီယူ ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူ ကျွမ်းကျင်မှုကော်မတီမှ အကြံပြုတင်ပြချက်များဖြစ်သော နိုင်ငံ ဖြတ်ကျော်ပေးချေမှုများနှင့် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ပိုမိုတိုးတက်လာစေရေး၊ အေစီယူနိုင်ငံများ အကြား ပြည်တွင်းသုံးငွေကြေးဖြင့် ပေးချေမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် အေစီယူစနစ် ပိုမိုကျယ်ပြန့် အားကောင်းခိုင်မာ လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်