သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   မေ    ၂၄
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများ တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင် ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထား သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့    ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌   ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်     အဆိုပါမြို့ရှိ ဂူဝဘုရား  တောင်တက်လမ်းတစ်လျှောက်ရှိ လဲကျ နေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ 
သောက်သုံးရေများဖြန့်ဖြူးပေး
အလားတူ    ကျောက်ဖြူမြို့သို့     ရောက်ရှိနေ သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စေတီ တောင်ရပ်ကွက်နှင့်  ဆားပြင်ကွင်းရပ်ကွက်တို့တွင် ချက်ပြုတ်စားသောက်မှု အဆင်ပြေစေရေး သောက် သုံးရေများ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့အတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်  ကျောက်တော် မြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တွင် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ရပ်ကွက်များအတွင်း သောက်သုံး ရေများ ဖြန့်ဝေပေးလျက်ရှိသည်။ 
အလားတူ မောင်တောမြို့သို့ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မောင်တောမြို့ ကံတိုင်းအောင်ကျေးရွာနှင့် ပဲရုံကျေးရွာရှိ လေဘေး သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေးပြီး   ကံတိုင်းအောင် ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌  ကျောင်းဖွင့်ချိန်တွင်  ကျောင်းသား  ကျောင်းသူ များ စာသင်ကြားနိုင်ရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် တောင်ရင်းတန်း ရပ်ကွက်၌ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။   ထို့ပြင်   အရှေ့မြောက် ရပ်ကွက်တွင်   လျှပ်စစ်မီး  အမြန်ပြန်လည်ရရှိရေး မီးကြိုးများ ပျက်စီးနေမှုအား ပြန်လည်ပြုပြင်ခြင်း များ ဆောင်ရွက်ပေးလျက်ရှိသည်။ 
အလားတူ  ဘူးသီးတောင်မြို့သို့  ရောက်ရှိနေ သော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စာသင်ချိန် အမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  ဘူးသီးတောင်မြို့ရှိ အမှတ် (၁)အခြေခံပညာအလယ် တန်းကျောင်း၌   လဲကျနေသော  သစ်ပင်ကြီးများ  ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကင်းချောင်း ကျေးရွာနှင့် ကကျက်ဘတ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများအား    နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု    လုပ်ငန်းများဆောင် ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေ သန့်များ ဖြန့်ဝေပေးလျက်ရှိသည်။ 
ကျန်ရှိသည့်    သဘာဝဘေးအန္တရာယ်   ကူညီ ကယ်ဆယ်ရေး    ယာဉ်အုပ်စုများအနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ    လုပ်ဆောင်ရန်    လိုအပ်လာပါက  အမြန်ဆုံးသွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက် ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည်   စစ်တွေမြို့  ဆတ်ရိုးကျ ရပ်ကွက်၌    ယာယီဆေးရုံ    ဖွင့်လှစ်၍     နယ်မြေခံ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ  များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ      ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်