
နေပြည်တော် မေ ၂၃
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၌ ရောက်ရှိနေသော ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်း က ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့်၍ ပျက်စီးခဲ့သော နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အအုံများအား လိုက်လံ ကြည့်ရှုကာ ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေး မှာကြား ခဲ့ပြီး အိမ်ထောင်သည်ရဲမေများ အား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) သည် အဆိုပါ တပ်နယ်တပ်ရင်းများ၌ မွေးမြူထားသည့် ဥစားကြက် မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှု၍ ဥနှုန်းများ သတ်မှတ် နှုန်းထား ပြန်လည်ပြည့်မီနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည် များ မှာကြားပြီး အိမ်ထောင်သည် လိုင်းများတွင် စိုက်ပျိုးထား သည့် မိသားစုများ၏ တစ်နိုင် တစ်ပိုင် စိုက်ခင်းများအား လိုက်လံ ကြည့်ရှုသည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့ သည် ကံစောက်နယ်မြေခံတပ်ရင်း များ၏ မုန်တိုင်းသင့်၍ ပျက်စီး ခဲ့သော အဆောက်အအုံများ အား ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှု၍ ပျက်စီးမှုရာခိုင်နှုန်း များအလိုက် ဦးစားပေးအဆင့် သတ်မှတ်ကာ ပြန်လည်ပြင်ဆင် တည်ဆောက်သွားရန် မှာကြား ပြီး အိမ်ထောင်သည်ရဲမေ၊ မိသားစု ဝင်များအား တွေ့ဆုံ၍ အားပေး စကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့ သည် ကျောက်တော်တပ်နယ် သို့ ရောက်ရှိရာ တာဝန်ရှိသူများ မှ ကြိုဆိုကြသည်။ ထို့နောက် ကျောက်တော်တပ်နယ်ရှိ မုန်တိုင်း သင့်၍ ပျက်စီးခဲ့သော နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များရှိ အဆောက် အအုံများအား လိုက်လံကြည့်ရှု ၍ ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားပြီး အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံ၍ အားပေး စကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များ ပေးအပ်သည်။ ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ကျောက် တော်မြို့နယ်ရှိ မဟာမုနိရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်၍ ပန်း၊ ရေချမ်း ကပ်လှူပြီး ဘက်စုံ ပြုပြင်ရန်အတွက် အလှူငွေများ လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက လက်ခံရယူသည်။
ထိုမှတစ်ဆင့် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည် မြောက်ဦးတပ်နယ် သို့ ရောက်ရှိရာ တာဝန်ရှိသူများ က ကြိုဆိုကြသည်။ ထို့နောက် မြောက်ဦးတပ်နယ်ရှိ မုန်တိုင်းသင့် ၍ ပျက်စီးခဲ့သော နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ အဆောက် အအုံများအား လိုက်လံကြည့်ရှု၍ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် လိုအပ်သည်များ မှာကြား ပြီး အိမ်ထောင်သည်ရဲမေများ အား တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ခဲ့သည်။ ဆက်လက်၍ နယ်မြေခံလုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွား ခဲ့သည့် အဆောက်အအုံများအား လိုက်လံကြည့်ရှု၍ ပြန်လည် ပြုပြင် တည်ဆောက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး မိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြား ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် အဖွဲ့သည် မင်းပြားတပ်နယ်ရှိ နယ်မြေခံ သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ ပေါင်းစည်းလယ်ယာ ဘက်စုံ စိုက်ပျိုး/မွေးမြူရေးခြံတွင် မွေးမြူ ထားသော ဥစားကြက်မွေးမြူ ရေးခြံများ၊ DYL အသားတိုးဝက် မွေးမြူရေးခြံနှင့် ဆိတ်မွေးမြူ ရေးခြံတို့ကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် နယ်မြေခံသင်တန်း ကျောင်းရှိ မုန်တိုင်းသင့်၍ ပျက်စီး ခဲ့သော အဆောက်အအုံများ၊ သင်တန်းသားအိပ်ဆောင်၊ စာသင် ဆောင်နှင့် စားချက်ဆောင်များ ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ သည်။
ဆက်လက်၍ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့ သည် နယ်မြေခံသင်တန်းကျောင်း ရှိ အောင်စစ်သည်ခန်းမ၌ အရာရှိ၊ စစ်သည်၊ နည်းပြများ၊ သင်တန်း သားများနှင့် အိမ်ထောင်သည် ရဲမေများအား တွေ့ဆုံ၍ အမှာ စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) နှင့်အဖွဲ့ သည် သင်တန်းကျောင်း အစည်း အဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော အဆောက် အအုံများ ပြန်လည်ပြုပြင် တည် ဆောက်နိုင်ရေးနှင့် ပတ်သက် သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက် ၍ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြချက်များနှင့် ပတ်သက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်