
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများကို သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် မတ် ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရဲမွန်တပ်မြို့ရှိ တပ်မတော် ကိုယ်ခံပညာနှင့် အားကစားသိပ္ပံသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေး စကားပြောကြားသည်။
အားကစားအဆင့်အတန်း မြင့်မားရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းဌာနချုပ်ရုံး အစည်း အဝေးခန်းမတွင် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု ဆိုင်ရာများနှင့် လေ့ကျင့်ရေးနှစ်အလိုက် သင်တန်း များ ဖွင့်လှစ်သင်ကြား ပို့ချနေမှုဆိုင်ရာများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လမ်းညွှန်အမှာစကားပြောကြားရာတွင် ကျောင်း ရည်မှန်းချက်တာဝန်ဖြစ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များကို အားကစားနှင့် ကိုယ်ခံ ပညာအခြေခံသင်တန်းများ၊ အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် တပ်မတော် လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေ ပြီး ထူးချွန်အားကစားသမားစစ်သည်များကို မြန်မာ့ လက်ရွေးစင်အဖြစ် မွေးထုတ်၍ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားရေးကို အထောက် အကူပြုနိုင်ရမည်ဟူသည့်အချက်ကို အလေးထား အကောင်အထည်ဖော်ရန်လိုကြောင်း။
မြန်မာ့လက်ရွေးစင် ၄၁၂ ဦး မွေးထုတ်နိုင်ခဲ့
ကျောင်းစတင်ဖွင့်လှစ်သည့် ၁၉၉၇-၁၉၉၈ မှ ၂၀၂၂-၂၀၂၃ အထိ ကိုယ်ခံပညာနှင့် အားကစား သင်တန်း ၃၇ မျိုး ဖွင့်လှစ်ခဲ့ရာ ထူးချွန်အားကစား သမားအဖြစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အပါအဝင် မြန်မာ့လက်ရွေးစင် ၄၁၂ ဦး တို့ကို မွေးထုတ်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကျောင်းအုပ်ကြီးအနေဖြင့်လည်း မိမိတာဝန် ထမ်းဆောင်ချိန်ကာလအတွင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ် ပေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင် ရွက်နေရန်နှင့် မိမိကာလ ကြိုးပမ်းဆောင်ရွက်မှုကို မှတ်တမ်းထားရန်လိုကြောင်း၊ လက်ရွေးစင်များ မွေးထုတ်ရာတွင် နိုင်ငံတကာ Olympic အားကစား နည်းများကို သတ်မှတ်စည်းမျဉ်းများနှင့် နည်းစနစ် ကျနစွာ တတ်မြောက်ကျွမ်းကျင်နေရန် အခြေခံက အစ အဆင့်မြင့်နည်းပညာအထိ လေ့ကျင့်နေရန်လို ကြောင်း၊ စိုက်ပျိုး မွေးမြူရေးနှင့်ပတ်သက်၍ နွေစပါး၊ မိုးစပါးများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ရှိပြီး အားလုံးပြည့်စုံ ကောင်းမွန်နေရန် လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရန် လိုအပ် သကဲ့သို့ မြေဆီမြေဩဇာ ကောင်းမွန်အောင် ဆောင်ရွက်ရန်လည်းလိုကြောင်း၊ အလားတူ စိုက်ပျိုး ရေးအတွက် အဓိကလိုအပ်သည့် ရေသွင်း၊ ရေထုတ် မှန်ကန်မှုလည်းလိုကြောင်းနှင့် စိုက်ပျိုးနည်းစနစ် များလည်း မှန်ကန်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်မှသာလျှင် တစ်ဧကချင်းအထွက်နှုန်း များ တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများတွင်လည်း မျိုးကောင်းမွန်ရန် လိုအပ်သကဲ့သို့ မွေးမြူရေးစနစ်များနှင့် တိရစ္ဆာန် အစားအစာများ၊ ကာကွယ်ဆေးများကို လုံလောက် စွာ ကျွေးမွေးဖြည့်ဆည်းနိုင်ရန်လိုကြောင်း၊ ကျောင်း ၏ ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန်အတွက် သန္ဓေနှင့် သင်တန်းသားစစ်သည် များအားလုံး လုံလောက်သော အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်မှုသည် အဓိကကျသဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးများကိုလည်း နိုင်ငံတော် ၏ မူဝါဒနှင့်အညီ အောင်မြင်အောင် အကောင်အထည် ဖော်ရန်လိုကြောင်း မှာကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် အားကစားရုံအတွင်း သင်တန်းသားများ၏ တိုက်ကွမ်ဒို၊ လက်ဝှေ့နှင့် ဘော်လီဘော လေ့ကျင့်နေ မှုများ၊ ဘောလုံးကွင်းအတွင်း သင်တန်းသားများ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသထားသည့် အားကစားပစ္စည်း ဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)သို့ ရောက်ရှိရာ ဆေးရုံ အုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက် ရှိသည့် အရာရှိ၊ စစ်သည် မိသားစုများအား လိုက်လံ ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေ များအား လိုက်လံမေးမြန်း အားပေးစကားပြောကြား ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်