ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

 

၁။    မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့်   မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834  နှင့်  နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။    ထိုသို့ကြေညာရာတွင် အခြားသော အီလက်ထရောနစ် ငွေပေး ချေမှုစနစ်နှင့်   မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်   လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး    ထပ်မံအသိပေးကြေညာသွား မည်ဟု ပါရှိပါသည်။
၃။    လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့် ဖွင့်လှစ် ထားသည့် အကောင့်သို့ လှူဒါန်းမှုပြုနိုင်ရေး ကြေညာထားပြီး ဖုန်း နံပါတ်ဖြင့် လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့်  ဖုန်းနံပါတ် အစား QR ဖြင့် လှူဒါန်းနိုင်ရေးဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
၄။    KBZ Pay ၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင် ရွက်နိုင်ပါသည်။
၅။    ယခုအခါ ပြည်သူများ လှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေ စေရေး  ပြည်သူများ အသုံးပြုမှုများပြားသည့်  CB Pay ၊ AYA Pay နှင့် OK $ တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါသည်-