
မကွေး မေ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မိုခါမုန်တိုင်း လေဘေးသင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မေ ၁၇ ရက်က မကွေးမြို့ မြို့တော်ခန်းမ ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးဗိုလ်ချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အလှူရှင်များမှလှူဒါန်းသည့် အလှူငွေများကိုလက်ခံ၍ (ဝဲပုံ) ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မုန်တိုင်းဒဏ် သင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် လေဘေးသင့်များ အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် နေပြည်တော် ရာဇအောင်မြေကျောင်း အောင်စေဆရာတော်မှ လေဘေးသင့်များအတွက် အလှူငွေကျပ် ၅၁၄၀၀၀၀နှင့် ပစ္စည်းအလှူငွေကျပ် ၃၀၃၄၀၀၀ အပါအဝင် စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများမှာ စုစုပေါင်း ငွေကျပ် ၂၆၁၇၇၄၇၀၀ ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)