
ကျောက်ကြီး မေ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြုပြင်နေစဉ် ယနေ့ နံနက်ပိုင်းက KNU/PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ မေ ၄ ရက်က ကျောက်ကြီး-နတ် သံကွင်းကားလမ်းမပေါ်ရှိ RCC ကွန်ကရစ်ပေါက် မြောင်းတံတားအနီးတစ်ဝိုက် KNU/PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် 33KVA ၁၂ မီတာဓာတ်အားတိုင် နှစ်တိုင်ပျက်စီးခဲ့ကြောင်း၊ သို့ဖြစ်၍ ယနေ့နံနက် ၈နာရီ ၁၅ မိနစ်ခန့်ကကျောက်ကြီးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများစုပေါင်းပြီး ပြိုလဲသွားသောဓာတ်တိုင်အား အစားထိုးထူမတ်ခြင်း၊ တိုင်ပေါ်တက်၍ ကြွေသီးလဲခြင်း ဆောင်ရွက်ခဲ့ ကြောင်း၊ ထိုသို့ ဓာတ်တိုင်ပေါ်သို့ ကြွေသီးတပ်စဉ် ဦးစောလပြည့် (ပြင်ပကျွမ်းကျင်လုပ်သား)မှာ ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် နေရာတွင် ပွဲချင်း ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဓာတ်အားတိုင် နှစ်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့သည့် မေ ၄ ရက် ကတည်းက လျှပ်စစ်မီးရရှိခြင်းမရှိဘဲ ကျောက်ကြီးမြို့နယ် ပြည်သူများ အခက်အခဲများ ကြုံတွေ့ခံစားနေရသည် ကို ယခုအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်ခံရသူက အသက်ကိုပဓာဏမထားဘဲ ပြည်သူအကျိုးရှေးရှု၍ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျန်ရစ်သူ မိသားစုဝင်များအား ကျပ် ၁၀ သိန်းထောက်ပံ့ပေးအပ် ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။ ကိုတွတ်(ပြန်/ဆက်)