မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)သို့ နေပြည်တော်အတွင်းရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

 

နေပြည်တော်   မေ    ၂၀
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)တွင် ခင်းကျင်းပြသ ထားသည့် ပြခန်းများအား ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူများ    လာရောက်လေ့လာ   ကြည့်ရှုကြ သည်။

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာ ရေးညီလာခံ(၂၀၂၃)ကို နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး စာတမ်းဖတ်ပွဲများ၊ စကား ဝိုင်းဆွေးနွေးပွဲများနှင့်အတူ ပညာ ရပ်ဆိုင်ရာပြခန်းများကို ထည့်သွင်း ပြသခဲ့ခြင်းဖြစ်သည်။ 
ပြခန်းပေါင်း ၃၀ ပါဝင်ပြသ
ညီလာခံဆိုင်ရာ   သတင်း အချက်အလက်ပြခန်း၊   စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် သက်မွေး ပညာကဏ္ဍပြခန်း၊ ပို့ဆောင်ရေး နှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြခန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြခန်းပေါင်း ၃၀ ပါဝင်ပြသထား သည်။
စိတ်ဝင်စားကြ
“ပန်းချီလက်ရာကို ချစ်မြတ် နိုးတတ်စေဖို့ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန် နဲ့ မန္တလေးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ကလေးတွေကို Hand Painting ရေးဆွဲပေးတာ ပါဝင်တယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ ရုပ်သေးပညာ၊ စောင်း၊ ပတ္တလား စတဲ့ တူရိယာတွေနဲ့သီဆိုဖျော်ဖြေ မှုတွေလည်း    ပါဝင်တဲ့အတွက်    ကလေးတွေလည်း      အတော့် ကို  စိတ်ဝင်စားကြပါတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်  (ရန်ကုန်)  မှ ပြခန်းတာဝန်ခံ    တစ်ဦးက   ဆို သည်။ 
ဂိမ်းကစားနည်းများ ပါဝင်
ထို့ပြင်   ပညာရပ်ဆိုင်ရာနှင့် သင်ခန်းစာ  အထောက်အကူပြု ပြခန်းများအပြင် စိတ်လက်အပန်း ဖြေပျော်ရွှင်စေရန်   ဂိမ်းကစား နည်းများ   ပါဝင်သည့်အတွက် ကျောင်းသား   ကျောင်းသူများ လာရောက်ကြည့်ရှု   လေ့လာမှု များပြားခဲ့ကြောင်း        သိရ သည်။      
ဝင်းသန့်