မောင်တောမြို့နယ်အတွင်း လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်မှူးချုပ် တင်ဆွေနှင့် တာ၀န်ရှိသူများ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများကို သွားရောက်ကြည့်ရှု

 

မောင်တော  မေ  ၂၀
ရခိုင်ပြည်နယ်   မောင်တောမြို့၌ မုန်တိုင်းကြောင့်    လေဘေးသင့် ပျက်စီးဆုံးရှုံးခဲ့သော    ကျေးရွာ များတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ   ဆောင်ရွက်နိုင်ရေး အတွက်  ဗိုလ်မှူးချုပ်  တင်ဆွေ သည်    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိ သူများနှင့်အတူ    ယနေ့ညနေပိုင်း က   လေဘေးကြောင့်  ပျက်စီးခဲ့ သော    အဆောက်အဦများအား   မြေပြင်ကွင်းဆင်း        စစ်ဆေး သည်။
အဆိုပါ  ပြန်လည်ထူထောင် ရေးဆောင်ရွက်နိုင်ရေးအတွက် ဗိုလ်မှူးချုပ် တင်ဆွေနှင့်   အဖွဲ့ သည်  လေဘေးသင့်ပြီး  ပျက်စီး ဆုံးရှုံးခဲ့သော       ကျောက်ပန္ဒူ ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနနှင့်  အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)၊ အင်းဒင် ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာန ပြိုလဲပျက်စီးနေမှုနှင့် ခေါင်မိုး လန်ပျက်စီးနေမှုများအား  ကြည့်ရှု စစ်ဆေးပြီး      ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး     ဆောင်ရွက်နိုင်ရေး တာ၀န်ရှိသူများအား  မှာကြားခဲ့ သည်။    ထို့နောက် မောင်တောမြို့  ပြည်သူ့ဆေးရုံ    ခြံဝင်းအတွင်း   လေဘေးကြောင့်   ခေါင်မိုးလန်   ပျက်စီးသွားသော အဆောင်များ အား    လှည့်လည်ကြည့်ရှုပြီး   လိုအပ်သည်များကို  တာဝန်ရှိသူ များအား  မှာကြားသည်။
ယင်းနောက်    ဗိုလ်မှူးချုပ် တင်ဆွေသည်   ညနေပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌    ခရိုင်/မြို့နယ် အဆင့်     ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ     လေဘေးသင့်ခဲ့သော ကျေးရွာများ၌       စာရင်းများ ကောက်ယူရာတွင်  ပျက်စီးဆုံးရှုံးမှု အား စနစ်တကျ စာရင်းကောက်ယူ ပြီး စာရင်းဇယားများအား တိကျ မြန်ဆန်  မှန်ကန်စေရန်လိုအပ်ပါ ကြောင်း၊ ဇွန်လတွင်လည်း အခြေခံ ပညာကျောင်းများ    ဖွင့်လှစ်မည် ဖြစ်သည့်အတွက်   ပျက်စီးဆုံးရှုံး ခဲ့သော         ကျောင်းများအား  အမြန်ဆုံး      ပြုပြင်ဆောင်ရွက်ရန်      လိုကြောင်း          မှာကြားသည်။ ဆက်လက်၍   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက  ကျေးရွာများ တွင် ယနေ့အထိ ပျက်စီးဆုံးရှုံးမှု စာရင်းများ           ကောက်ခံပြီးစီးမှု အခြေအနေများ၊   စာရင်းဇယား မှန်ကန်မှုရှိစေရေးအတွက်      ဌာန ဆိုင်ရာများအလိုက်     စာရင်း ကောက်ခံနေမှုများ၊   ပျက်စီးနေ သည့်   အခြေခံပညာကျောင်းများ အား   ပြုပြင်ရန်   စီစဉ်ဆောင်ရွက် နေကြောင်း ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသည့်  ခရိုင် သဘာဝဘေးအန္တရာယ်  စီမံခန့်ခွဲ မှုအဖွဲ့များက ကော်မတီအလိုက် ပြန်လည်ထူထောင်ရေး ကိစ္စများ ဆောင်ရွက်နေမှု၊        ကျေးရွာများ အလိုက်            ရိက္ခာများနှင့်  ကယ်ဆယ်ရေး        ပစ္စည်းများ    ထောက်ပံ့ပေးခဲ့မှုများ၊   စာရင်း ဇယားကောက်ယူရေးအဖွဲ့များကစာရင်းကောက်ယူခဲ့မှု အခြေအနေ များကို    ရှင်းလင်းတင်ပြကြရာ တင်ပြဆွေးနွေးချက်များ   အပေါ် ဗိုလ်မှူးချုပ်   တင်ဆွေက  လိုအပ် ချက်များအား     ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 
(ပြန်/ဆက်)