မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်များက လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်(ဆန်)ထောက်ပံ့ပေးအပ်

 

မြေပုံ    မေ    ၂၀
ရခိုင်ပြည်နယ်   မြေပုံမြို့နယ်၌      ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့  သော   ဆန်များကို    ဗိုလ်မှူးချုပ် ကျော်ကျော်စိုး   ဦးဆောင်သော     သဘာဝဘေး ပြန်လည်ထူထောင် ရေး     အဖွဲ့ဝင်များက    ယနေ့ မွန်းလွဲ   ၂  နာရီတွင်    ထိခိုက်မှု များပြားသော  ကျေးရွာအုပ်စု  ၁၆  အုပ်စုသို့  ဆန်များလွှဲပြောင်းပေး အပ်ထောက်ပံ့ခြင်း ပြုလုပ်သည်။
ဆန် ထောက်ပံ့ပေးအပ်ရာသို့ ဗိုလ်မှူးချုပ်    ကျော်ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ  ဗိုလ်မှူးကြီး   ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ         ဦးခိုင်လင်းနိုင် နှင့်       အဖွဲ့ဝင်များ၊   သဘာဝဘေး ပြန်လည်ထူထောင်ရေး  ကော်မတီ  ဝင်များက    မြေပုံမြို့နယ်တွင်   ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၉ အုပ်စု၊ ကျေးရွာ ၁၅၅ ရွာတို့မှ    လေဘေးသင့်ပြည်သူ ၃၁၅၅၃   ဦးရှိရာမှ  ထိခိုက်မှုများ သော     ကျေးရွာအုပ်စု ၁၆ အုပ်စု၊ ကျေးရွာ ၃၁  ရွာတို့မှ လေဘေး သင့်ပြည်သူ ၉၅၄၂   ဦးအတွက် တစ်ဦးလျှင် နို့ဆီ ၁၀ လုံးနှုန်းဖြင့်  ဆန်ရိက္ခာ  ငါးရက်စာကို   ရခိုင် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့  သော     ဆန်များမှ   ဆန်အိတ်  ၄၉၆  အိတ်နှင့်    ဆန်နို့ဆီဘူး   ၁၀ လုံးကိုကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့     လွှဲပြောင်းပေးအပ်     ထောက်ပံ့ပေးသည်။      
မြေပုံမြို့သို့ ရောက်ရှိနေသော  ဗိုလ်မှူးချုပ်    ကျော်ကျော်စိုး သည်   ယမန်နေ့   ညနေပိုင်းက နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့ဥက္ကဋ္ဌ     ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊    ပြည်နယ်အဆင့် ကနဦးလိုအပ်ချက်        စစ်တမ်း ကောက်ယူရေးအဖွဲ့များ၊ မြို့နယ် သဘာဝဘေး        စီမံခန့်ခွဲရေး ကော်မတီဝင်များ၊     ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌     တွေ့ဆုံ သည်။    တွေ့ဆုံပွဲတွင်     မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌက သဘာဝဘေးမဖြစ်မီ            ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ နှင့်   မိုခါမုန်တိုင်း   တိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှု      အခြေအနေ များ၊      ပြန်လည်ထူထောင်ရေး ဆောင်ရွက်ထားရှိမှုများကို  ရှင်း လင်းတင်ပြသည်။
ထို့နောက်      ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများသည့်    နေရာ များကို     ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာ၌ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားမှန်ကန်မှု အရေးကြီး ကြောင်း၊ ဌာနဆိုင်ရာများပူးပေါင်း   ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။
တင်ဝင်း(ပြန်/ဆက်)