ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

 

နေပြည်တော်   မေ  ၁၉


ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)  တိုက်ခတ်မှုကြောင့်  ချင်းပြည်နယ်အတွင်း  ထိခိုက်ပျက်စီးမှုများအား   ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်  နိုင်ရေးအစည်းအဝေးကို  ယနေ့တွင်  ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌   ကျင်းပရာ  ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ဝုန်ဆွန်းထန်၊   အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ  ဒုတိယတိုင်းမှူး   ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများ၊   ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

 


ဦးစွာ   ဒုတိယဗိုလ်ချုပ်ကြီး   မင်းနိုင်က  အမှာ စကားပြောကြားသည်။  ထို့နောက်  တာဝန်ရှိသူများက မုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်အတွင်းပျက်စီးဆုံးရှုံးခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဗိုလ်ချုပ်ကြီး   မင်းနိုင်က  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ ကြောင်း  သိရသည်။


သတင်းစဉ်