
ရန်ကုန် မေ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမဦးစီးဌာန အရာရှိဝန်ထမ်း များ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ ဆွေးနွေးပွဲကို မေ ၁၉ ရက်က တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဥမ္မာမြင့် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ၅၇ ဦးက အုပ်စု ငါးစုခွဲ၍ ခေါင်းစဉ် ငါးခုဖြင့် အုပ်စုအလိုက် ဆွေးနွေးကာ ဆွေးနွေးပွဲမှ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး အားနည်းချက်များကို ပြုပြင်၍ အားသာချက်များကို အသုံးချပြီး သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် သွားရန် ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိ များ တက်ရောက်ကြောင်း သိရသည်။
မြန်မာ့အလင်း