
နေပြည်တော် မေ ၁၉
တပ်မတော်အနေဖြင့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA)တိုက်ခတ် မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီ ကယ်ဆယ်ရေးဖွဲ့များအား စုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုန်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည့် အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ကိုးခေါက်ပို့ဆောင်
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရန်ကုန် တိုင်းဒေသကြီးမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ကူညီကယ်ဆယ် ရေးအဖွဲ့များ ပါဝင်သည့် အင်အား ၂၅ ဦးနှင့် အိန္ဒိယနိုင်ငံမှ လှူဒါန်း သည့် ပစ္စည်းများ၊ ဘီစကွတ်မုန့် များ၊ ဘဲဥ ဖာ ၅၀၀ ၊ ဆိုလာ ၁၉ ဖာ၊ ဆေးပစ္စည်း ၉၇ ဖာ၊ ခေါက်ဆွဲ ခြောက် ဖာ ၃၀၀၊ ခေါက်ဆွဲ ၁၅၅၄ တွဲ၊ မုန့်မျိုးစုံ ဖာ ၁၀၀၊ ငါးသေတ္တာ ၅ ဖာ၊ ဆန်ပြုတ် ၁၀ ဖာ၊ ဓာတ် ဆား ၈ အိတ်၊ သွပ်ပြား ၂၆၇ ချပ်၊ စက္ကူဖာ ၃ ဖာ၊ အရေးပေါ်သုံး ပစ္စည်းများနှင့် ကူညီကယ်ဆယ် ရေး ပစ္စည်းများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ကိုးခေါက် ပို့ဆောင်ပေးခဲ့သည်။
ချီးမြှင့်ငွေများထောက်ပံ့
ထို့အတူ စစ်ကိုင်းတိုင်းဒေသ ကြီး စစ်ကိုင်းမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်း ကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၃၅၈ ဦးကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တံတားဦးလေဆိပ်မှ စစ်တွေလေဆိပ်သို့ ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့် ငါးကြိမ် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ကူညီကယ်ဆယ်ရေး အဖွဲ့များ အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍လည်း အဆိုပါ လေ့ကျင့်ရေး သင်တန်းကျောင်းမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀၀ အထိ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ တပ်မတော် လေယာဉ်များဖြင့် ရောက်ရှိလာ သော ပစ္စည်းများကို တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြကြောင်း နှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်