
ရောမ မေ ၁၉
အီတလီနိုင်ငံ၏ အမ်မလီယာ- ရိုမက်နီယာဒေသ၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မေ ၁၈ ရက်က ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဒေသတွင် ရေကြီး မှုနှင့် မြေပြိုမှုတို့ကြောင့် သေဆုံးသူဦးရေမှာ ၁၃ ဦးထက်မနည်း ရှိလာပြီး ပျောက်ဆုံးသူများလည်းရှိသည်ဟု ဒေသတွင်းမီဒီယာ များတွင် ဖော်ပြကြသည်။ ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ရေဗန်နာမြို့နှင့် ဆန့်အဂါတာဆူလ် ဆန်တီနိုဒေသတို့၌ နေရာ အစိတ်အပိုင်းအတော်များများ၌ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်ကို မေ ၁၈ ရက် ဗီဒီယိုမှတ်တမ်းတွင် တွေ့မြင်နိုင်သည်။ မေ ၂၀ ရက် နှောင်းပိုင်းအထိ ရာသီဥတု ဆိုးရွားနိုင်သေးသည်ဟု သတိပေးထားသည်။ မေ ၁၈ ရက် မွန်းလွဲပိုင်းတွင် မြေပြိုမှုပေါင်း ၂၈၀ ကျော် ဖြစ်ပွားခဲ့ပြီး လမ်း ၂၀၀ ကျော် ပိတ်ထားခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ဆင်ဟွာ