ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများ

 

ဆိုင်ကလုန်းမုန်တိုင်းမိုခါဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေးတစ်ခု၊ လေဆိပ်နှစ်ခု၊  ဌာနဆိုင်ရာအဆောက်အဦ ၃၄၀ ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့

နေပြည်တော်   မေ    ၁၈


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့် အလွန်အားကောင်းသော    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)   မေ  ၁၄   ရက်တွင်  တိုက်ခတ်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ  တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌  ပျက်စီးဆုံးရှုံးမှု   စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည်။

 


ဆက်လက်၍  သက်ဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစိတ်  ထပ်မံစိစစ်ခဲ့ရာ   မေ   ၁၈   ရက်    မွန်းလွဲပိုင်းအထိ ရရှိသော   စာရင်းများအရ    နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ  ရပ်ကွက်/ကျေးရွာ ၄၄ ရွာမှ လူနေအိမ် ၁၂ လုံး၊ သာသနိကအဆောက်အဦ သုံးလုံး၊ ဘုန်းတော်ကြီးကျောင်း   တစ်ကျောင်း၊   စာသင် ကျောင်းသုံးကျောင်း၊ လေဆိပ်အဆောက်အဦ တစ်ခု၊ ဓာတ်မီးတိုင် ရှစ်တိုင်၊   ထရန်စဖော်မာ   တစ်လုံး၊ ဌာနဆိုင်ရာ    အဆောက်အဦ    တစ်လုံး၊   အုတ်နံရံ  တစ်ခု၊ ချင်းပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၄ ရွာမှ လူနေအိမ် ၁၂၉  လုံး၊  သာသနိက အဆောက်အဦ   တစ်လုံး၊  ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊  ဆေးရုံ/ ဆေးခန်းနှစ်ခု၊ ဓာတ်မီးတိုင် လေးခု၊  ဌာနဆိုင်ရာ  အဆောက်အဦ   ၃၀၊   ဘောလုံးကွင်း   တစ်ကွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၂၃ ရွာ၊ လူနေအိမ် သုံးလုံး၊ ဆက်သွယ်ရေးတာဝါတိုင် ခြောက်တိုင်၊  ဓာတ်မီးတိုင်နှစ်တိုင်၊ ထရန်စဖော်မာ တစ်လုံး၊ အုတ်တံတိုင်း/နံရံ ၂၆ ခု၊  တံတားသုံးစင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ ၇၂  ရွာမှ လူနေအိမ်    ၁၁၃ လုံး၊  ဆက်သွယ်ရေးတာဝါတိုင် နှစ်တိုင်၊ ဓာတ်မီးတိုင်တစ်တိုင်၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/  ကျေးရွာများမှ ၃၄ ရွာမှ လူနေ အိမ် လေးလုံး၊ ဓာတ်မီးတိုင် ၁၄ တိုင်၊ အုတ်တံတိုင်း/နံရံ ၆၇ ခု၊ ရာသီသီးနှံစိုက်ခင်း ၁၅၆ ခင်း၊  တံတား တစ်စင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာတစ်ရွာမှ သာသနိကအဆောက်အဦ လေးခု၊ မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ လေးရွာမှ လူနေအိမ်   တစ်လုံး၊    ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်း၊ ဓာတ်မီး တိုင် ၁၄ တိုင်၊  ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာမြို့နယ် ၁၇ မြို့ နယ်မှ လူနေအိမ် ၁၈၂၅၉၈ လုံး၊ ရုံး ၃၀၀၊ စာသင်ကျောင်း ၁၃၅၂ လုံး၊ ဆေးရုံ/ဆေးခန်း ၂၂၀ ၊   ဘာသာရေးအဆောက်အဦ ၁၇၀၁ လုံး၊ အခြားပျက်စီးမှု ၁၀၁၄ ခု၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၆၅ ရွာမှ  လူနေအိမ် ၃၁ လုံး၊   သာသနိကအဆောက်အဦ    တစ်လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း ခုနစ်ကျောင်း၊     ဆက်သွယ်ရေးတာဝါတိုင်နှစ်တိုင်၊ ဓာတ်မီးတိုင်   ၆၀၊   ထရန်စဖော်မာနှစ်လုံး၊    ဌာန  ဆိုင်ရာ အဆောက်အဦ ခြောက်လုံး၊ ဘောလုံးကွင်း နှစ်ကွင်း၊   အုတ်တံတိုင်း/နံရံ ၃၄ ခု၊ ရှမ်းပြည်နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာတစ်ရွာမှ   လူနေအိမ် နှစ်လုံး၊   ဘုန်းတော်ကြီးကျောင်း    တစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်း၊ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၁၄ ရွာမှ လူနေအိမ် ၁၃၁ လုံး၊    သာသနိကအဆောက်အဦ    တစ်လုံး၊ ဘုန်းတော်ကြီးကျောင်းငါးကျောင်း၊ စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ငါးခု၊ ဓာတ်မီးတိုင်  ကိုးတိုင်၊ ဌာနဆိုင်ရာအဆောက်အဦ သုံးလုံး၊ အခြား ပျက်စီးမှုလေးခုပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ 

 


သို့ဖြစ်၍    မေ ၁၈ ရက်  မွန်းလွဲပိုင်းအထိ ရရှိသောစာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး မှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက် အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ငါးလုံး၊ ဈေးတစ်ခု၊ လေဆိပ် နှစ်ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီး ခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရှိ ရသည်။

 


အဆိုပါ    ဆိုင်ကလုန်းမုန်တိုင်း   တိုက်ခတ်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်  နေရာများ၌ တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် အသင့် ပြင်ဆင် စုဖွဲ့ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား   ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်