
နေပြည်တော် မေ ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပ သည့် (၅)ကြိမ်မြောက် တရုတ် (အနောက်ပိုင်းဒေသ) အပြည်ပြည် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ် ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade- WCIFIT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ကုန်စည်ပြပွဲ၌ ခင်းကျင်း ပြသထားသည့် မြန်မာပြခန်းများ အပါအဝင် နိုင်ငံတကာပြခန်းများ ကို လှည့်လည်ကြည့်ရှု အားပေး သည်။
ပြခန်းများပါဝင်ပြသ
အဆိုပါပြပွဲကို ပိုမိုကောင်းမွန် သော အနာဂတ်အတွက် တရုတ် နိုင်ငံ အနောက်ပိုင်းဒေသနှင့် ကုန်သွယ်ဖက်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ် ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပြခန်း ပေါင်း ၈၂၄ ခန်း ပါဝင်ပြသလျက် ရှိကြောင်းနှင့် ပြပွဲကို မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေး
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ချုံချင့် မြို့ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူး Mr. Li Mingqing တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲ သို့ တက်ရောက်၍ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်