
နေပြည်တော် မေ ၁၇
အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေ ဒေါ်ခင်မြမူ၊ ရှမ်းပြည်နယ် မိုင်းလားမြို့နယ်နေ အောင်ဖြိုး(ခ)ဦးဖြိုး တို့က ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်နေ မ---၊ ၁၉/၂၀၁၉ နှစ်အား ရှမ်းပြည်နယ် မိုင်းလားမြို့တွင် အိမ်အကူလုပ်ကိုင်ပါက တစ်လလျှင် မြန်မာငွေ ကျပ်သိန်း ၄၀ ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံ သို့ ပို့ဆောင်၍ တရုတ်မယားအဖြစ် ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၆၉၉၁/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၁၆ ရက်တွင် တရားခံ ဒေါ်ခင်မြမူအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ တရားခံ အောင်ဖြိုး(ခ)ဦးဖြိုးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်