မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေမှ အဆုံးသတ်ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

 

ဂျီနီဗာ   မေ   ၁၃


ဗိုင်းရပ်စ် ရောဂါဖြစ်သည့်  မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ  အရေးပေါ်ကျန်းမာရေး   အခြေ အနေမှ   အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက မေ ၁၁ ရက်တွင်ကြေညာခဲ့ သည်။ မျောက်ကျောက်ရောဂါအတွက် ကမ္ဘာလုံး ဆိုင်ရာ စိုးရိမ်စရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေမှ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း မေ ၁၁   ရက်တွင်    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်   တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယက်ဆု က ကြေညာခဲ့သည်။ 

 


ကျွမ်းကျင်သူများဖြင့်     စုစည်းထားသည့် ကော်မတီထံမှ အကြံပြုချက်များကို   အခြေခံကာ ယခုလို         ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ မျောက်ကျောက်ရောဂါသည်   ဗိုင်းရပ်စ်ကူးစက်မှု ရောဂါဖြစ်ပြီး    ၎င်း၏    ရောဂါလက္ခဏာများမှာ ဖျားနာခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းတို့ ဖြစ် သည်။   အ ဆိုပါ   ရောဂါကူးစက်မှုမှာ       ပြီးခဲ့သည့်နှစ်  မေလအတွင်းက အနောက်နိုင်ငံများတွင်   အဖြစ် များသည်။ 

 


ထို့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေ အနေအဖြစ် ကြေညာခဲ့သည်။  အဆိုပါရောဂါမှာ ယခင်က အာဖရိက ပြင်ပတွင် တွေ့ရှိရမှုခဲယဉ်းသည်။  နိုင်ငံပေါင်း   ၁၁၁  နိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း     ၈၇၀၀၀    ကျော်  ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏     အစီရင်ခံစာအရ သိရသည်။  


တိုင်းပြည်များအနေဖြင့်     ဆေးစစ်မှုများကို ဆက်လက်လုပ်ဆောင်ပြီး မျောက်ကျောက်ရောဂါ ကာကွယ်ရေးနှင့်   ကုသမှုများကို    ဆက်လက် လုပ်ဆောင်ရန်လည်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ညွှန်ကြားရေးမှူးချုပ်က တိုက်တွန်းထားသည်။ 


အင်န်အိတ်ချ်ကေ