
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) သည် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဖြတ်သန်း တိုက်ခတ်နိုင်သည့် အခြေအနေ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေများအပေါ် မူတည်၍ အောက်ပါဒေသများကို ဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် အနီရောင် အဆင့် ဒေသများအဖြစ် သတိပေးကြေညာအပ်ပါသည်-
၁။ စစ်တွေမြို့နယ်
၂။ ကျောက်ဖြူမြို့နယ်
၃။ မောင်တောမြို့နယ်
၄။ ရသေ့တောင်မြို့နယ်
၅။ မြေပုံမြို့နယ်
၆။ ပေါက်တောမြို့နယ်
၇။ မာန်အောင်မြို့နယ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီ