ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် သင်တန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်    မေ    ၁၁


ပဉ္စမအကြိမ် အာဆီယံ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်သင်တန်းဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄)အစည်းအဝေးခန်းမ၌  ကျင်းပရာ  ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း(ဗဟို) နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဋ္ဌများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 

 


ဦးစွာပြည်ထောင်စုဝန်ကြီးက  မျက်မှောက်ကာလတွင် တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးမှု အပိုင်းနှင့်  တိုင်းရင်းဆေးဝါးများကို  အများပြည်သူလူထု၏      မှီခို အားထားမှုသည်       ပိုမိုတိုးတက် ဖြစ်ထွန်းလာနေသည်ကို မိမိတို့ မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံ များတွင်ပါ တွေ့မြင်နေကြပြီဖြစ်ပါ ကြောင်း၊    တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်း ဆေးဝါးများ    အရည်အသွေး မြင့်မားလာစေရေးနှင့်   အာဆီယံ ဒေသတွင်းနိုင်ငံများတွင်သာမက  ကမ္ဘာ့အဆင့်မီ    ရင်ပေါင်တန်း နိုင်ရေးကို ရှေးရှု၍ ကောင်းမွန် သော    ထုတ်လုပ်မှုကျင့်စဉ်   အပါ အဝင်    လိုအပ်သော    စည်းမျဉ်း စည်းကမ်းများ၊     ညွှန်ကြားချက် များ     ထုတ်ပြန်ခြင်း၊     သင်တန်း များ ပို့ချခြင်းတို့ကို ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရေး      ဆောင်ရွက်လျက် ရှိကြောင်း။

 


တိုင်းရင်းဆေးဝါး   ထုတ်လုပ် ရေးလုပ်ငန်းများသည် အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်း (MSME) အများစုဖြစ် ကြောင်း၊  အသေးစား၊ အငယ်စား နှင့်    အလတ်စား    စီးပွားရေး လုပ်ငန်း (MSME) များသည် နိုင်ငံ ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (Gross    Domestic    Product-GDP) ကို တိုးတက်စေပြီး နိုင်ငံ တော်မှလည်း       အထူးအားပေး လျက်ရှိသည့်အတွက်         မိမိတို့  လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်စေ ရေးကို အထူးကြိုးစားဆောင်ရွက် စေလိုကြောင်း။

 


ယခုသင်တန်းမှ      ပို့ချချက် များကိုလေ့လာပြီး ရရှိသည့်အတွေ့ အကြုံများအပေါ်        အခြေခံ၍  မိမိတို့   တစ်နိုင်တစ်ပိုင် တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး     လုပ်ငန်း များတွင် ကုန်ကြမ်းမှစ၍ ကုန်ချော  တိုင်အောင် ဘေးဥပဒ်ကင်းရှင်းပြီး  စစ်မှန်သော      အရည်အသွေးကို အာမခံနိုင်သော၊     အာနိသင် ပြည့်ဝသော တိုင်းရင်းဆေးဝါးများ ကို   ကောင်းမွန်သော   တိုင်းရင်း ဆေးဝါးထုတ်လုပ်မှု     ကျင့်စဉ်ပါ သတ်မှတ်ချက်များနှင့်      အညီ  ထုတ်လုပ်ပြီး ဒေသတွင်းသာမက နိုင်ငံတကာအထိ တင်ပို့နိုင်အောင် ဦးတည်   ဆောင်ရွက်သွားနိုင်ကြ ပါစေဟု  ဆန္ဒပြုကြောင်း   ပြော ကြားသည်။

 


အဆိုပါသင်တန်းကို တိုင်းရင်း ဆေးပညာဦးစီးဌာနက  ဦးစီးပြီး အစားအသောက်နှင့်       ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ဆေးဝါးစက်ရုံ(အင်းစိန်) တို့  နှင့် ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ၈ ခုရှိ  ပုဂ္ဂလိက       တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း   ၃၅   ခု တို့မှ လုပ်ငန်းရှင်များ၊ တိုင်းရင်း ဆေးပညာဦးစီးဌာန   (ရုံးချုပ်)၊ တိုင်းရင်းဆေးဝါး   ထုတ်လုပ်ရေး စက်ရုံ (မန္တလေး) နှင့် တိုင်းရင်းဆေး တက္ကသိုလ်မှ ဝန်ထမ်းများ၊ တိုင်း ဒေသကြီး/ ပြည်နယ်    တိုင်းရင်း ဆေးပညာဦးစီးဌာနမှူးများ အပါ အဝင်  စုစုပေါင်း   သင်တန်းသား ၅၁    ဦးတို့    တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၁ ရက် မှ ၁၆ ရက်အထိ ပြုလုပ်သွားမည်  ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်