ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌဟောင်း လာရောက်တွေ့ဆုံ

 

နေပြည်တော်    မေ    ၁၁


ပြန်ကြားရေးဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား  ဂျပန်နိုင်ငံခြားသတင်းထောက်များ အသင်း (Foreign Correspondent Club of Japan - FCCJ) ၏   ဥက္ကဋ္ဌဟောင်းဖြစ်သူ  Mr. KHALDON AZHARI သည်  ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ရှိ    ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံရာ    တွေ့ဆုံပွဲသို့ အမြဲတမ်း အတွင်းဝန်        ဦးမျိုးမြင့်မောင်နှင့်      ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။ 

 


တွေ့ဆုံစဉ်   မီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ   ပူးပေါင်း ဆောင်ရွက်ရေး၊  The  Global New Light of  Myanmar  သတင်းစာကို အသွင်သဏ္ဌာန်ပြောင်းလဲ၍  အဆင့်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ    ကိစ္စရပ်များကို     ဆွေးနွေးခဲ့ကြ သည်။

 


သွားရောက်လေ့လာ


 မွန်းလွဲပိုင်းတွင်    ဂျပန်နိုင်ငံခြားသတင်းထောက်များ အသင်း၏ ဥက္ကဋ္ဌဟောင်းသည်   ကျောက်မျက်ရတနာပြတိုက်နှင့်   ဒက္ခိဏသီရိ မြို့နယ်    ဗုဒ္ဓဥယျာဉ်တော်အတွင်း   တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်လေ့လာ ကြည်ညိုခဲ့ကြသည်။        

 

သတင်းစဉ်