
မကွေး မေ ၁၀
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့နှင့်အတူ မေ ၁၀ ရက်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန လေ့ကျင့်ရေး ကွင်း၌ တိုင်းဒေသကြီးအဆင့် ရှာဖွေ ကယ်ဆယ်ရေးတပ်ခွဲ အသင့်စုဖွဲ့လေ့ကျင့် နေမှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများ အသင့်စုဖွဲ့ ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား အသင့်စုဖွဲ့လေ့ကျင့် ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးမီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က လိုက်လံရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
မောင်ညီညာ