
နေပြည်တော် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်အတွင်း မေ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းခံရသည့် အိမ်ထောင်စုဝင်မိသားစုများကိုစားဝတ်နေရေးအဆင်ပြေစေရန် အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခြင်းတို့ကို ယနေ့ နံနက်ပိုင်း တွင် အဆိုပါမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမနှင့် လေဘေးသင့် နေအိမ်များတွင် ဆောင်ရွက်ခဲ့ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူ နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ လေဘေးသင့် အိမ်ထောင်စုများ တက်ရောက်ကြ သည်။
ဦးစွာ မိုင်းဆတ်မြို့ ဝိန်းနေ ရပ်ကွက်ရှိ ကံ့ကော်မြိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း နှစ်ကျိပ် ရှစ်ဆူစေတီတော် ထီးတော်မြေခ မှုကြောင့် ပြန်လည်ဆောင်ရွက် ရမည့်အခြေအနေများကို တာဝန် ရှိသူများက ဆရာတော်ထံ မေးမြန်း လျှောက်ထား၍ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ လေဘေးသင့် အိမ်ထောင်စု ၁၂ စုနှင့် ရပ်ကွက်၊ ကျေးရွာများရှိ လေဘေးသင့် အိမ်ထောင်စု ငါးစုအား နေရာ အရောက်သွားရောက် ထောက်ပံ့ ပေးခြင်း၊ စုစုပေါင်းအိမ်ထောင်စု ၁၇ စုတို့ကို နယ်မြေခံတပ်နယ်ရှိ တာဝန်ရှိသူက စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ် ကြသည်။
ဆက်လက်၍ တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့မှ လေဘေးသင့် ပြည်သူ ၃၀ ကို လိုအပ်သောဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်