ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်ရမ်ခမ်း ဖမ်းဆီးထိန်းသိမ်းခံရ

 

အစ္စလာမ္မာဘတ်  မေ  ၉


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း   အင်ရမ်ခမ်းအား   ဖမ်းဆီး ထိန်းသိမ်းထားကြောင်း   ဒေသမီဒီယာများက  ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   မေ   ၉   ရက်တွင်   ၎င်းအား မြို့တော်     အစ္စလာမ္မာဘတ်အတွင်း      ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 

 


နောက်ထပ်အသေးစိတ်အချက်အလက်များ   လက်ရှိ အချိန်တွင် မသိရှိရသေးကြောင်း။ ၎င်းသည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ခေါင်းဆောင်အဖြစ်မှ   ဆင်းပေးရန်   ဖိအားပေး ခြင်း  ခံခဲ့ရသည်။  သို့သော်လည်း ၎င်းအနေဖြင့် လူငယ်လူရွယ်များ နှင့် ဆင်းရဲသော   လူတန်းစားများအကြားတွင်   ထောက်ခံမှုရရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။ 

 


ထို့အပြင် ၎င်းသည် ရာထူးမှ ဖြုတ်ချခံရပြီးနောက် အမှုပေါင်းများစွာဖြင့်  စွပ်စွဲခံရထားသော်လည်း ၎င်းက မည်သည့်အမှားတစ်စုံတစ်ရာမျှ လုပ်ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။              

       
အင်န်အိတ်ခ်ျကေ