
ဆိုးလ် မေ ၉
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်က ဂျပန် ဝန်ကြီးချုပ်နှင့် နောက်ဆုံးပြုလုပ်သော ထိပ်သီး အစည်းအဝေး၌ ရလဒ်ကောင်းများ ရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရန် ပိုမိုလုပ်ဆောင် ရေးနှင့်ပတ်သက်ပြီး ၎င်း၏ ရည်ရွယ်ချက်ကို အလေးပေးပြောကြားလိုက်သည်။
သမ္မတ ယွန်ဆက်ယိုးလ်က မေ ၇ ရက်တွင် ဆိုးလ်မြို့၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်မှုများကို မေ ၉ ရက်က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား မပြီး သတ်သေးသော စစ်အတွင်းလုပ်အားစေခိုင်းမှု ကိစ္စရပ်နှင့်ပတ်သက်ပြီး ပူးတွဲသတင်းစာရှင်းလင်း ပွဲတစ်ခု၌ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၏ မှတ်ချက်ကို သမ္မတ ယိုးလ်က ရည်ညွှန်းပြောကြားခဲ့သည်။
ဂျပန်ကိုလိုနီအုပ်ချုပ်မှုအတွင်း ကြမ်းတမ်းလှ သည့် ပတ်ဝန်းကျင်တွင် ဒုက္ခနှင့် ဝမ်းနည်းဖွယ်ရာ များကို ခံစားရသောသူများအကြောင်း စဉ်းစား မိတိုင်း နှလုံးသားတွင် နာကျင်စွာ ခံစားရကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောသည်။ ဂျပန်နိုင်ငံ တွင် ပျက်စီးသွားသော ဖူကူရှီးမား ဒိုင်အိချိ နျူက လီးယားဓာတ်အားပေးစက်ရုံသို့ တောင်ကိုရီးယား ကျွမ်းကျင်သူများ စေလွှတ်ရန် နှစ်နိုင်ငံ ခေါင်းဆောင် များ သဘောတူခဲ့ကြသည်။
အင်န်အိတ်ချ်ကေ