မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော ယာယီတိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ တက်ရောက်

 

မကွေး    မေ    ၉


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်း နေထိုင် ကြသော    ယာယီတိုက်ပွဲရှောင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို   မေ  ၈   ရက်  နံနက် ၉ နာရီက ပခုက္ကူတက္ကသိုလ်  ပင်မဆောင် (ဘွဲ့နှင်းသဘင်)ခန်းမ၌   ကျင်းပရာ   မကွေးတိုင်း ဒေသကြီး   ဝန်ကြီးချုပ်  ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ ပခုက္ကူနယ်မြေခံတပ်မှ   တပ်မတော်အရာရှိများ၊ ပခုက္ကူခရိုင်နှင့်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်  ဦးစွာတိုင်းဒေသကြီးဝန်ကြီး ချုပ်က ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော ယာယီ တိုက်ပွဲရှောင်မိသားစုဝင်များအား နှုတ်ဆက်အားပေး စကားပြောကြားကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး လင်းထွဋ်နှင့် ပခုက္ကူ နယ်မြေခံ တပ်မတော်အရာရှိများက  ပခုက္ကူခရိုင် အတွင်း နေထိုင်ကြသော ယာယီတိုက်ပွဲရှောင်မိသားစု ဝင် လူဦးရေ ၅၄၀ တို့အတွက်   တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့သော ဆန်ခြောက်ပြည်ပါ အိတ် ၅၄၀၊ ဆီ ၁၆၂ ပိဿာနှင့် ဆား ၁၆၂ ပိဿာ၊ နယ်စပ် ရေးရာဝန်ကြီးဌာနမှ  ထောက်ပံ့သော  ခေါက်ဆွဲ ခြောက်  အထုပ် ၅၄၀၊ ကြက်သွန်နီ ၁၃၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၃၅ ပိဿာ၊ အာလူး ၂၄၃ ပိဿာ၊ ကုလားပဲ ၁၃၅ ပြည်၊ ကြက်ဥ အလုံး ၁၀၈၀ နှင့် ကျောင်းဝတ်စုံ(ဖြူ/စိမ်း) အစုံ ၁၂၀၊ ကျောင်းသုံးဗလာ စာအုပ် ဒါဇင် ၁၂၀၊ ဘေးအန္တရာယ်ဆိုင်ရာ        စီမံခန့်ခွဲ မှုဦးစီးဌာနမှ ထောက်ပံ့သော  အမျိုးသားလုံချည် ၃၁၁ ထည်၊ အမျိုးသမီးလုံချည် ၂၂၉ ထည်၊ တီရှပ် အင်္ကျီ၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့်     သွားတိုက်တံ တစ်ခုစီတို့ကို ထောက်ပံ့ပေးအပ်ကြသည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပခုက္ကူခရိုင်အတွင်း နေထိုင်ကြသော ယာယီ တိုက်ပွဲရှောင်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ၍ အားပေးစကားများ  ပြောကြားကာ ယာယီတိုက်ပွဲ ရှောင် မိသားစုဝင်များ၏ လိုအပ်ချက်တင်ပြခဲ့မှုများ အပေါ် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ များနှင့် လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။                  

မောင်ညီညာ