
နေပြည်တော် မေ ၉
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်း ပြည်နယ်(တောင်ပိုင်း) ဇော်ဂျီ ကြိုးဝိုင်းအတွင်းရှိ ၁/၂၀၂၁ စီးပွား ရေး ကျွန်းစိုက်ခင်း ဧက ၅၀ အောင်မြင် ဖြစ်ထွန်းနေမှုနှင့် ထိန်းသိမ်း စောင့်ရှောက်ထားမှု၊ ၁/၂၀၂၂ စီးပွားရေး ကျွန်းစိုက်ခင်း ဧက ၅၀ စိုက်ပျိုးထားမှုနှင့်ရှင်သန် မှု၊ ယခုနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးမည့် စီးပွား ရေး ကျွန်းစိုက်ခင်း ၇၅ ဧက မြေပြင်ခြင်းနှင့် ပျိုးထောင်ဆောင် ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး သစ်တောစိုက်ခင်းများ တိုးမြှင့် တည်ထောင်ရေး၊ တည်ထောင်ပြီး စိုက်ခင်းများ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းရေး၊ သဘာဝ တောများ ကာကွယ်ရေးနှင့် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ် တောများ တိုးချဲ့ဖွဲ့စည်းရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဇော်ဂျီကြိုးဝိုင်း အတွင်း ၂၀၂၂ မိုးရာသီတွင် ဆောင်ရွက်ခဲ့သော စီးပွားရေး ကျွန်းစိုက်ခင်းဟောင်း ၈၂ ဧက ပြန်လည်ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရပ်စောက်မြို့နယ် မြို့မပျိုးဥယျာဉ်အတွင်း လူထု ဖြန့်ဝေစိုက်ပျိုးခြင်း အတွက် ပျိုးပင် ၇၈၀၀၀ ပျိုးထောင်ထားရှိ မှုနှင့် ထီးခမ်းပျိုးဥယျာဉ်အတွင်း ရေဝေရေလဲ စိုက်ခင်း၊ လမ်းဘေး ဝဲယာ တစ်အုပ်တစ်မနှင့်ကွက်လပ် ဖြည့် စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၄၀၀၀၀ ပျိုးထောင်ထားရှိမှု၊ ရပ်စောက်မြို့နယ် ပင်ဖြစ်ကြိုးဝိုင်း အတွင်းရှိ ၂/၂၀၂၂ ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ စိုက်ပျိုးထားရှိ မှု၊ စိုက်ခင်းအတွင်း ရေတိုက်စားမှု ကာကွယ်ခြင်းနှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းဆောင်ရွက်ထားမှု၊ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ၂/၂၀၂၃ ရေဝေရေလဲ စိုက်ခင်းဧက ၅၀ ပန္နက်ရိုက်၊ ကျင်းတူး၊ မြေဖို့ မြေပြင်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် တောင်ကြီး ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၄၊ ၅ အတွင်း ယခုနှစ်မိုးကြိုကာလ တွင် စိုက်ပျိုးမည့် ၁/၂၀၂၃ ရေဝေ ရေလဲ ထင်းရှူးစိုက်ခင်း ဧက ၁၀၀ ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရေတိုက်စားမှုနှင့် မြေဆီလွှာ တိုက်စားမှုမရှိစေရေး ကွန်တို အလိုက် မြေဆီလွှာထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တောင်ကြီးမြို့နှင့် ပတ်ဝန်းကျင် စိမ်းလန်းသာယာ စေရေး ထင်းရှူးစိုက်ခင်းများ တိုးချဲ့ တည်ထောင်ရေး၊ သဘာဝ ထင်းရှူးတောနှင့် ထင်းရှူး စိုက်ခင်းဟောင်းများ ထိန်းသိမ်း ကာကွယ်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ထီသိမ်ကန်စိမ်းလန်း စိုပြည်ရေးနှင့် ရေဝေရေလဲ ထိန်းသိမ်းရန် ၂၀၂၂ မိုးရာသီ ကွက်လပ်ဖြည့် ထင်းရှူးစိုက်ပျိုး ခြင်း အပင် ၁၀၀၀၀ စိုက်ပျိုးထား မှုနှင့် ရှင်သန်အောင်မြင်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည် ထောင်စုဝန်ကြီးသည် အင်းလေး ကန် ရေဝေရေလဲ ထိန်းသိမ်းရေး စီမံကိန်းအရ ညောင်ရွှေမြို့နယ် ခေါင်တိုင် ပျိုးဥယျာဉ်အတွင်း ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် နှင့် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန် ကြိုတင်ပျိုးထားသော ပျိုးပင် ၁၃၀၀၀၀ ကျော် ပျိုးထောင်ထားရှိ မှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်