ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

 

နေပြည်တော်    မေ    ၉


၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်     ကျောင်းအပ်နှံရေး     သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေးအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်  ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီးတွင် ကျင်းပသည်။ 
ဦးစွာ    ပညာရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာ မိုးဇော် ထွန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။  

 


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ်   ကလေးအားလုံး   ပညာရေး မဝေးဖို့  ကျောင်းအမြန်အပ်နှံစို့”   ဟူသော  ကျောင်း အပ်နှံရေးသီတင်းပတ်   မြေစိုက်ပိုစတာအား    စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်း အပ်နှံရေးသီတင်းပတ်  မြေစိုက်ပိုစတာ  စိုက်ထူပွဲ အထိမ်းအမှတ်     စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံ ရိုက်ကြသည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည် တော်ကောင်စီဥက္ကဋ္ဌတို့သည် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်း ဥယျာဉ်  မုခ်အနီးတွင် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူရေး အခမ်းအနားသို့ တက် ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်