မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် သရုပ်ပြလေ့ကျင့်

 

ရန်ကုန်   မေ  ၉


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ် ဦးစီးမှူး ဦးကိုကိုလတ် ဦးဆောင်၍ သ‌န္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ စုဖွဲ့သရုပ်ပြလေ့ကျင့် ခြင်းကို ယမန်နေ့က   ကမ်းနားလမ်းရှိ မြို့နယ်မီးသတ်အဆောက်အအုံ ၌ ပြုလုပ်သည်။

 


စုဖွဲ့သရုပ်ပြလေ့ကျင့်ရာသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီနှင့်  အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး    ဦးကျော်စိုးမိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသည်။ ကြည့်မြင်တိုင်မြို့နယ် အတွင်း   လှိုင်မြစ်အနောက်ဘက်ကမ်း၌   ရပ်ကွက်ကြီး လေးရပ်ကွက် ရှိကြောင်း သိရသည်။                        

တင်ဝင်းလေး(ကြည့်မြင်တိုင်)