
နေပြည်တော် မေ ၉
သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်း ဥပဒေ (၆) အရ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ဌာန (Disaster Management Centre-DMC) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ရုံးအမှတ် (၂၃) တွင် မေ ၈ ရက်မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။
တက်ရောက်
သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (Disaster Management Cen-tre-DMC) လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြခြင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနတွင် ကျင်းပရာ အစည်းအဝေးသို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ လုပ်ငန်း ကော်မတီ များမှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ကြိုတင်ဆောင်ရွက်
ရှေးဦးစွာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဥက္ကဋ္ဌ ဦးဆောင်၍ မေ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေး လမ်းညွှန် ချက်အရ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ မုန်တိုင်း၏ အခြေအနေအလိုက် သာမန် အချိန်၊ အရေးပေါ်အချိန်၊ အရေး ကြီးအချိန်နှင့် ပြန်လည်ထူထောင် ရေးအချိန်ဟူ၍ အပိုင်း (၄) ပိုင်း ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ရာ ယခု မှာ သာမန်အချိန်နှင့် အရေးပေါ် အချိန်ဆောင်ရွက်ရမည့် လုပ်ငန်း များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပါကြောင်း၊ တိုင်း ဒေသကြီး/ပြည်နယ်များမှ စာရင်း ဇယား ကောက်ယူမည့် သတ်မှတ် ပုံစံများအတိုင်း လိုအပ်သည့် အချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ထံ တင်ပြရန်လို ကြောင်း၊ DMC အား ၂၄ နာရီ ဖွင့်လှစ်ထားရန် လိုကြောင်း၊ ဆက်သွယ်ရေး မပြတ်တောက် စေရေး လိုအပ်သည်များ ကြိုတင် ဆောင်ရွက်ထားရန် လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် သာမက ရနိုင်ပါက ခရိုင်/ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အဆင့်အထိ ချိတ်ဆက်ကာ သတင်းအချက် အလက်များ ရယူကြရန်လို ကြောင်း၊ မုန်တိုင်းဖြစ်ပေါ်မှု အခြေ အနေနှင့် ဦးတည်ရာလမ်းကြောင်း ပြောင်းလဲမှုအရ အရေးပေါ်အချိန် နှင့် အရေးကြီးအချိန်ကို တစ်ပြိုင် တည်း ဆောင်ရွက်ရနိုင်ကြောင်း၊ Cyclone Shelter များတွင် ဝင်ဆံ့ လူဦးရေများ၊ ရေ၊ ရိက္ခာလိုအပ် ချက်များကို ကြိုတင်ပြင်ဆင်ထား ရန်လိုကြောင်း၊ သက်ဆိုင်ရာ ဒေသရှိ လူဦးရေနှင့် စားရေရိက္ခာ လုံလောက်မှု အခြေအနေကို တွက်ချက်ထားရန် လိုကြောင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင် ရန်အတွက် DMC မှ သတင်း အချက်အလက်များ ပေးပို့တင်ပြ ရန်လိုကြောင်း၊ DMC ၏ ဆောင် ရွက်ချက်သည် အရေးကြီး ကြောင်း၊ မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံး ဖြစ်ရန်နှင့် ပြန်လည်ထူထောင် ရေးအပိုင်းတွင် အမြန်ဆုံးနှင့် ထိထိရောက်ရောက် ဖြစ်စေရန် DMC မှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက်
ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန (DMC) ကို အမျိုးသား ကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ လက်ရှိ တွင် သတ်မှတ်ပုံစံများအတိုင်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များက ကြိုတင်ပြင်ဆင်မှု ဆိုင်ရာ အချက်အလက်များ ရယူ ကာ စုစည်းလျက်ရှိကြောင်း၊ အမျိုးသားကော်မတီဥက္ကဋ္ဌထံသို့ တင်ပြဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ လုပ်ငန်းကော်မတီများ အနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အရေးပေါ် အစားအစာများဖြစ် သည့် ရေသန့်များ၊ ခေါက်ဆွဲ ခြောက်များ အသင့်ဝယ်ယူထား နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်း အခြေအနေ၊ နိုင်ငံတကာ မိုးလေ ဝသ Website များနှင့် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ခန့်မှန်းချက်များ၊ သုံးသပ် ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များ အသင့်စုဖွဲ့ထားရှိမှု၊ လူနှင့် ပစ္စည်းများ ရွှေ့ပြောင်းရန် စီစဉ် ထားရှိမှု၊ ပျက်စီးဆုံရှုံးမှု စာရင်း ကောက်ယူရန် စီစဉ်ထားရှိမှု၊ ရေသန့်စင်ကားများ စီစဉ်ထားရှိမှု၊ သယ်ယူ ပို့ဆောင်ရေးအတွက် ယာဉ်၊ ယန္တရားများ ကြိုတင်စုဖွဲ့ ထားရှိမှု၊ Public Health Emergency Operation Centre (PHEOC) ဖွင့်လှစ်ထားရှိမှု၊ ဘေးသင့်ဒေသများတွင် အရေး ပေါ်ကျန်းမာရေး စောင့်ရှောက် နိုင်ရန်အတွက် Rapid Respond Team(RRT) များကို စေလွှတ် ပြီးစီးမှုနှင့် စေလွှတ်ရန်စီစဉ်နေမှု၊ ဆေးဝါးများ ပေးပို့ထားရှိမှုနှင့် ဆက်လက်ပေးပို့ရန် စီစဉ်နေမှု၊ ပြည်သူများသို့ မုန်တိုင်းသတင်း ပေးပို့မှု၊ အသိပညာပေးမှု အခြေ အနေတို့ကို ဆွေးနွေးတင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်