အာဖဂန်နစ္စတန်၌ မိုးသက်မုန်တိုင်းနှင့် ရေကြီးမှုတို့ကြောင့် လေးဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ

 

ဂျလာလာဘတ်   မေ   ၆


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၌   မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု များကြောင့် လေးဦး  သေဆုံးကာ ၂၅   ဦး     ဒဏ်ရာရခဲ့ကြောင်း ပြည်နယ်အစိုးရက မေ ၆ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။


ပြည်နယ်အတွင်း မေ ၅ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရုတ်တရက်ရေကြီးကာ ကလေးငယ်   သုံးဦးအပါအဝင် လူလေးဦး    သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထား သည်။ ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ  ၃၀၀ ခန့်   ဆိုးရွားစွာ ပျက်စီးခဲ့ရပြီး     လယ်မြေဧက ထောင်ပေါင်း       များစွာလည်း ပျက်စီးခဲ့ကြောင်း        အဆိုပါ ထုတ်ပြန်ချက်တွင်   ဖော်ပြထား သည်။


တစ်ချိန်တည်းတွင်  လေပြင်း တိုက်ခတ်မှုကြောင့်       ဘတ်ခ် ပြည်နယ်မြောက်ပိုင်း၊ ဆန်မန်ဂန်၊ တာခန်၊ ကွန်ဒက်နှင့် ဘတ်ဂလန် ပြည်နယ်များရှိ  ဥယျာဉ်များနှင့် သီးပင်စားပင်များလည်း ပျက်စီး ခဲ့သည်။


လာမည့်         ရက်များအတွင်း နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ၁၈ ခုတွင် မိုးရွာသွန်းမှုနှင့် ရေကြီး မှု ပိုများလာနိုင်ကြောင်း အာဖဂန် နစ္စတန်နိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားသည်။              

ဆင်ဟွာ