ဂျပန်နိုင်ငံအလယ်ပိုင်း၌ အားပြင်းငလျင်လှုပ်မှုကြောင့် တစ်ဦးသေဆုံး

 

တိုကျို    မေ   ၅


ဂျပန်နိုင်ငံ     ဆူဇူမြို့တော်၌ ငလျင်လှုပ်မှု   ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦးသေဆုံးကြောင်း အာဏာပိုင်များက   ပြောကြား သည်။   အဆိုပါ   အမျိုးသားမှာ လှေကားမှ   ပြုတ်ကျခြင်းဖြစ် ကြောင်း သိရသည်။


လာမည့်သီတင်းပတ်အတွင်း ဒေသအတွင်း အခြားအင်အားပြင်း သည့်   ငလျင်လည်း    လှုပ်နိုင် ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီ က သတိပေးထားသည်။  လာမည့် နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ပြင်းအား ၆  အဆင့်ရှိ ငလျင်တစ်ခု လှုပ်နိုင်သဖြင့်   သတိဖြင့် နေထိုင် ကြရန် အေဂျင်စီ၏    ရှီမိုရာမ   တိုရှီဟီရိုက  ပြောကြားသည်။


မေ ၅  ရက်တွင်   ဒေသ စံတော်ချိန် ညနေ ၂ နာရီ ၄၂ မိနစ် ဝန်းကျင်က ပြင်းအား ၆ အဆင့်ရှိ   ငလျင်လှုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ  ငလျင်မှာ   နိုတိုဒေသ အတွင်း အနက် ၁၂ ကီလို မီတာကို ဗဟိုပြုခဲ့ကြောင်း   မိုးလေဝသ အေဂျင်စီက ပြောကြားသည်။


ငလျင်လှုပ်မှုကြောင့် ဆူဇူမြို့ ၌  ဘုရားကျောင်း    တစ်ခုနှင့် အဆောက်အအုံ   အများအပြား ပြိုကျခဲ့ကြောင်း ဆူဇူမြို့ရဲတပ်ဖွဲ့ က ပြောကြားသည်။


ထပ်မံ၍     ဂျပန်ပင်လယ် ကမ်းရိုးတန်းပေါ်ရှိ    အီရှီခါဝါ စီရင်စုတွင် မေ ၅ ရက် ည   ၉  နာရီ ၅၈ မိနစ်ဝန်းကျင်တွင်လည်း  ဒုတိယမြောက် အင်အားပြင်းသည့် ငလျင်လှုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါငလျင်မှာ ပြင်းအား ၅ ဒသမ ၈ ရှိသည်ဟု ခန့်မှန်းထားပြီး နိုတို ဒေသကို    ဗဟိုပြုလှုပ်ခတ်ကာ အနက် ၁၀ ကီလိုမီတာရှိကြောင်း သိရသည်။      

အင်န်အိတ်ချ်ကေ