လာအိုနိုင်ငံသမ္မတ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်

ဖနောင်ပင်   မေ    ၂ 
လာအိုသမ္မတ ထောင်လွန်းဆီဆုလစ် သည် ကမ္ဘော ဒီးယားနိုင်ငံသို့  မေ ၄ ရက်မှ ၆ ရက်အထိ နိုင်ငံတော် ခရီးစဉ် လာရောက်မည်ဖြစ်ပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ   ဖွင့်ပွဲအခမ်း အနားသို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေ ၂ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။ 
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်  နိုရိုဒွန်ဆီဟာမိုနီ ၏ဖိတ်ကြားချက်အရ ယခုခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 
လာအိုသမ္မတခရီးစဉ်သည် ရှိရင်းစွဲကောင်းမွန် သောဆက်ဆံရေးကို    ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အိမ်နီးချင်းကောင်းနှင့် ညီရင်းအစ်ကိုဆက်ဆံရေး ဖြစ်ထွန်းစေရန်သာမက     နှစ်နိုင်ငံပြည်သူများ အပြန်အလှန်အကျိုးရှိစေရန်အတွက်   ဘက်စုံနှင့် ရေရှည်တည်တံ့သော မဟာဗျူဟာမိတ်ဖက်ဆက်ဆံ ရေးကို တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်။ 
လာအိုသမ္မတနှင့်   ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ် များနှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို သီးသန့်ဆွေးနွေးသွားမည်ဖြစ်သည်။ 
လာအိုသမ္မတသည်    မော်ရိုဒေါ့ခ်တက်ခနို အမျိုးသားအားကစားရုံ၌ မေ ၅ ရက်တွင် ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အရှေ့တောင်အာရှအားကစားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ 
ကမ္ဘောဒီးယားနိုင်ငံသည်  ၆၄   နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ လက်ခံကျင်းပမည်ဖြစ်သည်။                
 ဆင်ဟွာ