
နေပြည်တော် မေ ၂
စက်မှုဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်မည့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ AGTI ဒီပလိုမာ ရရှိသည့် ကျောင်းသား ကျောင်းသူ များနှင့်တွေ့ဆုံခြင်း အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက စက်မှုဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသား လူငယ် များဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ AGTI ဒီပလိုမာရရှိသည့် ကျောင်းသား ကျောင်းသူများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ စက်မှုဝန်ကြီး ဌာနကို ၂၀၂၁ ခုနှစ် မေ ၃ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ်၊ (၁၁၇/၂၀၂၁)အရ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီး ဌာနမှ စက်မှုဝန်ကြီးဌာန အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီး ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း တို့ ဖွဲ့စည်းထားရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့မှ သင်တန်းဆင်း AGTI ဒီပလိုမာ လက်မှတ်ရ ၁၅ ဦးကို လစာနှုန်း ၁၉၈၀၀ဝ-၂၀၀ဝ-၂၀၈၀၀ဝ တန်း၊ ထုတ်လုပ်ရေးကျွမ်းကျင် (၃)/ စက်မှုစီမံ (၃) စသည့် ရာထူးများ ဖြင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေး ရေးဦးစီးဌာနသို့ လေးဦး၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းသို့ ငါးဦး၊ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်းသို့ သုံးဦး၊ မြန်မာ့ဆေးဝါး လုပ်ငန်းသို့ သုံးဦးတို့ကို တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း။
သင်တန်းဆင်း မောင်တို့ မယ်တို့အနက် အင်ဂျင်နီယာဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့် မီသူများကို လုပ်ငန်းခွင်တွင် တစ်နှစ် တာဝန်ထမ်းဆောင်စေပြီး နီးစပ်ရာ တက္ကသိုလ်များတွင် တာဝန်ချိန်အဖြစ် သတ်မှတ်၍ ဆက်လက် တက်ရောက်နိုင်ရေး ကိုလည်း စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ မောင်တို့ မယ်တို့ သည် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင် တာဝန်ထမ်းဆောင်ကြမည်ဖြစ် သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာ ကြရမည်ဖြစ်ကြောင်း၊ မောင်တို့ မယ်တို့ တာဝန်ကျရာ ဦးစီးဌာန/စက်မှုလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံ များတွင် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တာဝန်ထမ်းဆောင် ကြရန်နှင့် ဝန်ထမ်းကောင်းများ အဖြစ် စံနမူနာပြဖြစ်အောင် ကျင့်ကြံနေထိုင် သွားကြရန် မှာကြားလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက မောင်တို့ မယ်တို့သည် Associate of Government Technical Institute (AGTI) မှ အသိအမှတ်ပြုထားသည့် နည်း ပညာကျွမ်းကျင်သူများ ဖြစ် ကြောင်း၊ နည်းပညာကျွမ်းကျင်သူ များ အနေဖြင့် လုပ်ငန်းခွင်တွင် နှစ်နှစ် လက်တွေ့ဆောင်ရွက်ပြီး နောက် မှတ်ပုံတင်နည်းပညာ ကျွမ်းကျင်သူများ ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် ဝန်ကြီးဌာနက အားကိုးရသည့် ဝန်ထမ်းများဖြစ် အောင် ကြိုးစားဆောင်ရွက်ကြ ရန် တိုက်တွန်းကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးက ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းများ တွင် တာဝန်ထမ်းဆောင်မည့် သင်တန်းဆင်းများ၏ ရုံးအမိန့်စာ များကို ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများထံ ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်