မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မေ    ၂


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး      ဦးသန်းဆွေ ၏   ဖိတ်ကြားချက်အရ   တရုတ် ပြည်သူ့သမ္မတနိုင်ငံ    နိုင်ငံတော် ကောင်စီဝင်နှင့်    နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ချင်ကန်းဦးဆောင် သည့်   ကိုယ်စားလှယ်အဖွဲ့သည် မေ ၂ ရက်မှ ၄ ရက်အထိ မြန်မာ နိုင်ငံသို့  လာရောက်ခဲ့သည်။

 


ခရီးစဉ်အတွင်း    မေ  ၂  ရက် ညနေ   ၆  နာရီ    မိနစ်  ၄ဝ  တွင် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ တော်ကောင်စီဝင်နှင့်    နိုင်ငံခြား ရေးဝန်ကြီး  မစ္စတာ ချင်ကန်းတို့ ဦးဆောင်၍     မြန်မာ - တရုတ်    နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံခြား ရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။ 

 


နှစ်နိုင်ငံ      ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏       ပြည်တွင်းဖြစ်ပေါ် တိုးတက်မှု    အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး   မြန်မာ နိုင်ငံနှင့်  တရုတ်နိုင်ငံ   နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး   ပိုမိုတိုးတက်ခိုင်မာ ရေး၊   နှစ်နိုင်ငံအကြား   အကောင် အထည်ဖော်လျက်ရှိသည့် စီမံကိန်း များနှင့်    မြန်မာ - တရုတ်   စီးပွား ရေးစင်္ကြံနှင့်  ရပ်ဝန်းနှင့် ပိုးလမ်းမ      စီမံကိန်းအောက်မှ      ပူးပေါင်း ဆောင်ရွက်မှု    စီမံကိန်းများကို     အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားရေး၊ မြန်မာ-တရုတ်  နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးအတွက်   နှစ်ဖက်နီးကပ်စွာ    ဆက်လက် ပူးပေါင်းဆောင်ရွက် သွားရေးနှင့် ဒေသတွင်းနှင့်    နိုင်ငံ တကာမျက်နှာစာ   အထူးသဖြင့် အာဆီယံ၊   ရှန်ဟိုင်း    ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့်    ကုလ သမဂ္ဂတို့တွင်    ပိုမိုနီးကပ်စွာ    ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များအပြင်  ဒေသတွင်းနှင့်  နိုင်ငံ တကာ     အကျိုးတူကိစ္စရပ်များ အပေါ်    ရင်းနှီးစွာ    အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

 


ညပိုင်းတွင်     နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က    တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်   နိုင်ငံ ခြားရေးဝန်ကြီး  ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်  အဖွဲ့အား   နေပြည်တော်ရှိ    Horizon   Lake View ဟိုတယ်၌ ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့သည်။

 

  သတင်းစဉ်