ကိုသာဇံရဲ့ ၇၇ နှစ်တာ မှတ်စုတို

Type
77

 

မြင့်သူ

 

‘‘မီးသတ်အဖွဲ့သားများ၏ တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင် သူရဲကောင်းများပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးတိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများဖြစ်သဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း၊ မီးသတ်အဖွဲ့တွင် ယဉ်ကျေးမှုနှင့် စွန့်စားမှုအရေးကြီး၍ အရပ်ရပ်တိုင်းတွင် ဖွဲ့စည်းအပ်ကြောင်း” 


(ဗိုလ်ချုပ်အောင်ဆန်း)

 

လွန်ခဲ့သော ၇၇ နှစ်။ အတိအကျဆိုရ လျှင်   ၁၉၄၆   ခုနှစ်   မေ   ၅     ရက်နေ့က အမျိုးသားခေါင်းဆောင်ကြီး     ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်ပြောကြားခဲ့သော အမှာစကားဖြစ်သည်။         နေရာကား ရန်ကုန်မြို့ ကန်တော်ကလေး၊   ဇိနတ် (ဇိနတ္တူ) အစ္စလာမ် မိန်းကလေးကျောင်း ခန်းမ၌   ဖြစ်သည်။ ၁၉၄၆ ခုနှစ် မေ ၆ ရက်နေ့ထုတ်      သူရိယသတင်းစာ မျက်နှာဖုံးမှာ  တခမ်းတနားဖော်ပြခြင်း ခံရသော ပထမအကြိမ်    ဗမာနိုင်ငံလုံး ဆိုင်ရာ     စေတနာ့ဝန်ထမ်း     မီးသတ် အစည်းအရုံးကြီးညီလာခံတွင်     ပြော ကြားခဲ့သော မိန့်ခွန်းလည်းဖြစ်သည်။

 


ထိုအချိန်က  သူတစ်ပါးကျွန်ဘဝဖြင့် နေရသော အချိန်ဖြစ်ပြီး  နယ်ချဲ့အစိုးရက အစိုးရ အဆောက်အအုံများနှင့်  နိုင်ငံခြား သားပိုင် အဖွဲ့အစည်းများ၊  ကုမ္ပဏီများ၏ အဆောက်အအုံများကို  မီးမလောင်စေ ရန် ကာကွယ်ပေးသော်လည်း အရပ်ဘက်၊ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ အသက် အိုးအိမ်စည်းစိမ်အတွက် ထည့်မစဉ်းစား သော ကာလဖြစ်သည်။

 


စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့များ


မြန်မာနိုင်ငံသားများသည်    မီးဘေး အန္တရာယ်ကာကွယ်ရေးအတွက်    မိမိတို့ ရပ်ရွာကို မိမိတို့အစီအစဉ်ဖြင့် ကာကွယ် စောင့်ရှောက်နေကြရသည့် ကာလလည်း ဖြစ်သည်။    မြန်မာနိုင်ငံ    အနယ်နယ် အရပ်ရပ်တွင်     စေတနာ့ဝန်ထမ်း အပျော်တမ်း မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်း ပြီး     မိမိတို့ရပ်ရွာကို    မိမိတို့ဘာသာ ကာကွယ်နေကြရသည်။        ခေတ် အလျောက်ရှိသော မီးသတ်ကိရိယာများ၊ မီးသတ်ကားများကို  ရပ်ရွာအလှူရှင်များ ၏ ထောက်ပံ့ငွေဖြင့်  ဝယ်ယူကြရသည်။ မိမိတို့အစီအစဉ်ဖြင့် နီးစပ်ရာ အချင်းချင်း နည်းပညာ    အကူအညီပေးကြသည်။ မြို့ရွာများ    လူနေများလာပြီး    ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ထိုကဲ့သို့သော စေတနာ့ဝန်ထမ်း    မီးသတ်တပ်ဖွဲ့များ သည်   တစ်နိုင်ငံလုံးတွင်   အများအပြား ပေါ်ပေါက်လာကြသည်။

 


စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့များ နည်းတူပင် သက်ဆိုင်ရာ မြို့တစ်မြို့ချင်း စီ၏ မြူနီစီပယ်ကော်မတီများကလည်း မီးသတ်တပ်ဖွဲ့များဖွဲ့စည်းလျက်  မီးဘေး ကာကွယ်ရေးလုပ်ငန်းများ   လုပ်ဆောင် ကြသည်။    မြို့ရွာမီးဘေးကာကွယ်ရေး အတွက် လုပ်ဆောင်ကြသော်လည်း မြူနီ စီပယ်မီးသတ်များနှင့် စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့များသည်    တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို မိမိတို့အစီအစဉ်ဖြင့်သာ အဆင်ပြေသလို စခန်းသွားနေကြသည်။     တစ်ခါတစ်ရံ မြူနီစီပယ်မီးသတ်နှင့်  စေတနာ့ဝန်ထမ်း မီးသတ် ပူးပေါင်းဆောင်ရွက်မှုရှိသော်လည်း  ဒုတိယကမ္ဘာစစ်အတွင်းကလွဲ၍ ကျန်သည့်အချိန်များတွင်    အတော် ကလေး ပူးပေါင်းဆောင်ရွက်မှု အားနည်း ခဲ့သည်။ ထို့ကြောင့် မီးဘေးကာကွယ်ရေး အတွက်လည်းကောင်း၊ မီးငြှိမ်းသတ်ရေး တွင်လည်းကောင်း       ထိရောက်သော ဆောင်ရွက်မှုများလုပ်နိုင်ခြင်း            မရှိ ခဲ့ပေ။

 


၁၉၄၆    ခုနှစ်သည်    မြန်မာနိုင်ငံ အတွက် အရေးပါသော  နှစ်တစ်နှစ်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော ဘုရင်ခံကောင်စီအစိုးရအဖွဲ့သည် နိုင်ငံ၏    စီမံခန့်ခွဲရေးနှင့်    အုပ်ချုပ်ရေး အပိုင်းတို့တွင် ဦးဆောင်နေကြပြီး မြန်မာ့ လွတ်လပ်ရေးအတွက်    မျှော်လင့်ချက် ရောင်ခြည်များ သန်းလာနေသောအချိန် လည်း ဖြစ်သည်။ မကြာသောကာလတွင် မြန်မာတို့  ကိုယ်တိုင်ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သော ခေတ်သစ်သို့ ရောက်ရန် သေချာနေသော ကာလဟုလည်း  ဆိုနိုင် သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်ဦးဆောင် သော  နိုင်ငံရေးခေါင်းဆောင်များသည် မြန်မာနိုင်ငံ  လွတ်လပ်ရေးရသည့်အခါ အစိုးရအဖွဲ့အစည်းအသီးသီးရှိ လက်ရှိ အုပ်ချုပ်နေသော    မျက်နှာဖြူနိုင်ငံခြား သားများနေရာတွင်    မိမိတို့လူမျိုးများ ပြောင်းလဲနေရာယူ   အုပ်ချုပ်စီမံခန့်ခွဲနိုင် ရေးအတွက်     ကြိုတင်လေ့ကျင့်မွေးမြူ ရန် ဖြစ်လာသည်။

 


အရေးကြီးသော လုပ်ငန်းစဉ်


ထိုကဲ့သို့သော    အခြေအနေမျိုးတွင် အကွဲကွဲအပြားပြားဖြစ်နေသော မီးသတ် အဖွဲ့အစည်းအသီးသီးကို      တစ်စု တစ်စည်းတည်းသော     မီးသတ်အဖွဲ့ အစည်းကြီးဖြစ်ရန် အစီအစဉ်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ် လာသည်။ ၁၉၄၆ ခုနှစ်တွင် ခရိုင် ၁၉ ခရိုင်၊ မြို့ပေါင်း ၅၅ မြို့တွင် ရှိနေသော အချင်းချင်း     ဆက်စပ်သည်လည်းရှိ၊ မဆက်စပ်ဘဲ  သီးခြားစီရပ်တည်နေကြ သည်လည်းရှိသည့်    စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့များကို    တစ်စုတစ်စည်း တည်း    ဖြစ်မြောက်ရန်    ကြိုးစားခဲ့ကြ သည်။ ထိုသို့ဖြင့်   ပထမအကြိမ်   ဗမာ နိုင်ငံလုံးဆိုင်ရာ     စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး      ညီလာခံ ကျင်းပနိုင်ခဲ့သည်။

 


ထိုညီလာခံကို          တစ်ပြည်လုံးရှိ စေတနာ့ဝန်ထမ်း          မီးသတ်တပ်ဖွဲ့ ကိုယ်စားလှယ်ပေါင်း ၁၉၇   ဦး  တက် ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ထိုခေတ်က  အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော   ဒီးဒုတ်ဦးဘချို၊ သခင်မြနှင့် ဦးဘဆွေတို့ တက်ရောက်ခဲ့ ကြသည်။ ညီလာခံတွင် မီးသတ်တပ်ဖွဲ့ နှင့်ပတ်သက်၍     နိုင်ငံတကာတွင် ဖြစ်တည်နေသော     အခြေအနေများကို ရှင်းပြလျက် အပူပိုင်းဇုန်အတွင်း  တည် ရှိသော နိုင်ငံတော်တည်ဆောက်ရေးတွင် ကြီးမားသော အနှောင့်အယှက်  အဟန့် အတားဖြစ်စေသည့် မီးဘေးအန္တရာယ်မှ ကာကွယ်ရန်     မီးသတ်တပ်ဖွဲ့ဆိုင်ရာ မူဝါဒများ၊            ရှေ့လုပ်ငန်းစဉ်များ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော မိန့်ခွန်းကောက်နုတ်ချက် ကို    ထည့်သွင်းပြောကြားခဲ့ခြင်းဖြင့် မီးသတ်တပ်ဖွဲ့ဝင်များကို အားတက်စေခဲ့ သည်။ ညီလာခံမှချမှတ်ခဲ့သော မီးသတ် လုပ်ငန်းများသည်  လူငယ်လူရွယ်များကို ပရဟိတလုပ်ငန်းဖြစ်ကြောင်း ရှေ့ဆောင် လမ်းပြဖြစ်စေခဲ့သည်။    ညီလာခံသို့ တက်ရောက်လာသော   ကိုယ်စားလှယ် များက အတွေ့အကြုံများ၊    အဆိုများ တင်ပြဆွေးနွေးခဲ့ကြသည်ကို မေ ၆ ရက် နေ့ထုတ်      သူရိယသတင်းစာတွင် အကျယ်တဝင့်ဖော်ပြခဲ့သည်။

 


ညီလာခံကို နှစ်ရက်တိုင်တိုင် ကျင်းပ ခဲ့ပြီး အစည်းအရုံးစတင်တည်ထောင်သည့် နေ့ကို    “မီးသတ်နေ့    (Burma Fire Services Day-B. F. S)” ဟု သတ်မှတ်ခဲ့ သည်။ ထို့ပြင် မီးသတ်အစည်းအရုံးကြီး ဥပဒေကြမ်းကို      အတည်ပြုခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာ    မီးသတ်အစည်း အရုံးအနေဖြင့် အဖွဲ့အစည်း၏  ရည်ရွယ် ချက်များကိုလည်း ထုတ်ပြန်ကြေညာခဲ့ သည့်အပြင် (က)  စည်းကမ်းသေဝပ်ခြင်း၊ (ခ) ရဲရင့်ခြင်း၊ (ဂ)  သနားကရုဏာရှိခြင်း၊ (ဃ)     ယဉ်ကျေးသိမ်မွေ့ခြင်း၊     (င) လျင်မြန်ဖျတ်လတ်ခြင်း၊   (စ)  စိတ်ထား တည်ကြည်ခြင်း၊ (ဆ)  ဝတ္တရားကျေပွန် ခြင်း၊ (ဇ) သစ္စာရှိခြင်း၊ (ဈ)  ညီညွတ်ခြင်း၊ (ည) ကျန်းမာခြင်း အစရှိသည့်  မီးသတ် အင်္ဂါအား   ၁၀    ပါးကိုလည်း    မီးသတ် အစည်းအရုံးဝင်များ လိုက်နာကျင့်သုံးရန် ချမှတ်ပေးခဲ့သည်။

 


အားလုံး တစ်ပြေးညီ  


ထိုကဲ့သို့ အကွဲကွဲအပြားပြား  ဖြစ်နေ သော   စေတနာ့ဝန်ထမ်း    အပျော်တမ်း မီးသတ်တပ်ဖွဲ့များကိုစုစည်း၍     တစ်ခု တည်းသော          ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးကို      ဖွဲ့စည်း တည်ထောင်နိုင်လိုက်ခြင်းသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်းတွင် မော်ကွန်း ထိုးထိုက်သော     နေ့ကြီးတစ်နေ့အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။     အပျော် တမ်း    မီးသတ်တပ်ဖွဲ့များနှင့်  စေတနာ့ ဝန်ထမ်း   မီးသတ်တပ်ဖွဲ့များအနေဖြင့် သူ့နယ်ကိုယ့်နယ်၊   သူ့ဝါဒကိုယ့်ဝါဒဖြင့် စီမံဆောင်ရွက်နေရာမှ        အားလုံး တစ်ပြေးညီ   တစ်မိုးအောက်တွင်  အတူ တကွ     ပူးပေါင်းဆောင်ရွက်လာနိုင်ကြ သည်။  တစ်ချိန်က ဝါသနာပါရာအလုပ် တစ်ခုအဖြစ် အပျော်တမ်း   မီးသတ်တပ်ဖွဲ့ ကို  ဝင်ရောက်လုပ်ကိုင်ခဲ့ကြသော်လည်း ထိုသို့           ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မည်သည်က    မည်သို့ဂုဏ်ယူရမည်ဆို သည့်အချက်ကို မသိခဲ့ကြချေ။  ညီလာခံ ပထမနေ့တွင်        ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော     မိန့်ခွန်းပါအချက် အလက်များသည် မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်      မီးသတ်လုပ်ငန်းသည် မွန်မြတ်သော      ပရဟိတလုပ်ငန်းဖြစ် ကြောင်း ဂုဏ်ယူတတ်စေခဲ့သည်။

 


နှစ်စဉ်ကျင်းပ


မီးသတ်အစည်းအရုံး    ညီလာခံကို နှစ်စဉ်ကျင်းပရန်       ပထမအကြိမ် ညီလာခံ၏    ဆုံးဖြတ်ချက်အရ   ၁၉၄၇ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ညီလာခံ ကြီးကို  ကျင်းပနိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် လွတ်လပ်ရေးရပြီးကာလ  ပထမဆုံးနှစ် ဖြစ်သော  ၁၉၄၈  ခုနှစ်တွင်    တတိယ အကြိမ်         မီးသတ်အစည်းအရုံးများ ညီလာခံကို  အဖြစ်သဘောသာ  ကျင်းပ နိုင်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ညီလာခံ သဘင်ကြီးကို ၁၉၄၉ ခုနှစ်   ဇွန်လအတွင်း ကျင်းပရန်ဖြစ်သော်လည်း    တိုင်းပြည် အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရပြီး ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီ ၁၅    ရက်နေ့ရောက်မှသာ    ကြီးကျယ် ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။ ညီလာခံ ကို အပိုင်းနှစ်ပိုင်းခွဲ၍  ကျင်းပပြုလုပ်ခဲ့ သည်။ ပထမပိုင်းမှာ   မီးသတ်စွမ်းရည် ပြပွဲဖြစ်ပြီး ဆူးလေဘုရားလမ်းရှိ  ဗမာ နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး တည်ရှိရာ ဗဟိုမီးသတ်ရှေ့၌    ပြုလုပ် ခဲ့သည်။   မီးသတ်အစည်းအရုံး    နှစ်ပတ် လည်ညီလာခံကိုမူ      မြို့တော်ခန်းမ၌ဆက်လက်ကျင်းပခဲ့သည်။    ပထမပိုင်း မီးသတ်စွမ်းရည်ပြပွဲကို      နိုင်ငံတော် သမ္မတကြီး           စဝ်ရွှေသိုက်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ 

 


အဆိုပါ     မီးသတ်အခမ်းအနားနှင့် ပတ်သက်၍              သတင်းစာများက ‘‘နိုင်ငံတော်သမ္မတကြီးသည်  နံနက် ၈ နာရီတိတိအချိန်တွင်     ဆူးလေဘုရား လမ်းနှင့် ဖရေဇာလမ်းဆုံတွင် ခမ်းနားစွာ ဆောက်လုပ်ထားသော     မီးသတ်မုခ် တံခါးကြီးသို့  ကိုယ်ရံတော်ဗိုလ်မှူးများ ခြံရံလျက်ရောက်ရှိပါသည်။    ထိုအခါ  မီးသတ်ဘင်ခရာတီးဝိုင်းမှ     သာယာ ငြိမ့်ညောင်းစွာ           တီးမှုတ်လျက် သမ္မတကြီးမော်တော်ကားပေါ်မှ    ဆင်း လျှင်ဆင်းချင်း    မီးသတ်အစည်းအရုံးကြီး ကိုယ်စား   ဌာနချုပ်    အလုပ်အမှုဆောင် လူကြီး    ဦးကံကြီး   (ဟင်္သာတ)   က နိုင်ငံတော်သမ္မတကြီးအား     ပန်းစည်း ဆက်သပါသည်။ ထို့နောက်  နိုင်ငံတော် သမ္မတကြီးသည်    ကိုယ်ရံတော်ဗိုလ်မှူး များ           မီးသတ်ရှေ့ဆောင်လမ်းပြ ဗိုလ်မှူးကလေးများနှင့် မီးသတ်အစည်း အရုံးကြီး အမှုဆောင်လူကြီးများ ခြံရံကာ အလေးပြုခံယူမည့်     ဆူးလေဘုရား လမ်းမကြီးရှိ   စင်မြင့်ပေါ်သို့ ကြွရောက် လာပါသည်။      နိုင်ငံတော်သမ္မတကြီး စင်မြင့်ပေါ်သို့    ရောက်လျှင်ရောက်ချင်း သမ္မတအလံကို     လူထုက  ပြည်သူ့ သူနာပြုဘင်ခရာအဖွဲ့၊ မော်လမြိုင်ကျွန်း မီးသတ်တပ်ဖွဲ့၊         ဘင်ခရာအဖွဲ့နှင့် သုံးဆယ်မီးသတ်တပ်ဖွဲ့၊     ဘင်ခရာအဖွဲ့ တို့က   နိုင်ငံတော်သီချင်းကို   တီးမှုတ် လျက် မီးသတ်အဖွဲ့များ၊   ဧည့်သည် တော်များနှင့်            လူထုပရိသတ်ပါ နိုင်ငံတော် သမ္မတကြီးအား   အလေးပြု ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတကြီးသည်ကိုယ်ရံတော်       ဗိုလ်မှူးများ ခြံရံလျက်       ရန်ကုန်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း    မီးသတ်အဖွဲ့များနှင့် မီးသတ်စက်များကို လိုက်လံစစ်ဆေး ပါသည်။ ထိုကဲ့သို့ နိုင်ငံတော်သမ္မတကြီး စစ်ဆေးပြီးဆုံးသောအခါ ဗမာတစ်ပြည် လုံး အမြို့မြို့မှ တက်ရောက်လာကြသော မီးသတ်အဖွဲ့များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချီတက်လျက် နိုင်ငံတော် သမ္မတကြီးအား အလေးပြုကြသည်။          ထို့နောက်  နိုင်ငံတော်သမ္မတကြီးသည်  ဗမာနိုင်ငံ လုံးဆိုင်ရာ    မီးသတ်အစည်းအရုံးကြီး ဌာနချုပ် အလုပ်အမှုဆောင်လူကြီးများ အား နှုတ်ဆက်ပြီးလျှင် မီးသတ်စွမ်းရည် ပြပွဲကို စိတ်ထက်သန်စွာဖြင့်  ရှုစားတော် မူပါကြောင်း”   ဖော်ပြခဲ့ပြီး    စတုတ္ထ အကြိမ်မြောက်ညီလာခံကြီးကို နေ့လယ် ပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည်။ 

 


ပဉ္စမအကြိမ်ညီလာခံ၏   ဒုတိယပိုင်း အစီအစဉ် ညီလာခံဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏    သဝဏ် လွှာကို    ဦးသန့်က      ဖတ်ကြားကာ ပြန်ကြားရေးဝန်ကြီး    ဦးထွန်းဖေက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ ညီလာခံမှ          ဆုံးဖြတ်ချက်များတွင် ကမ္ဘာ့နိုင်ငံပေါင်းစုံ မီးသတ်သဘင်ကြီးသို့ ကိုယ်စားလှယ်စေလွှတ်ရေး၊    မီးသတ် နည်းနာ နိဿရည်းများရရှိရေးအတွက် ကမ္ဘာအရပ်ရပ်သို့          ပညာတော်သင် လှည့်လည်ဆည်းပူးရေးတို့ကို ချမှတ်ပေး နိုင်ခဲ့သည်။ ထိုနှစ်တွင် နိုင်ငံတော်အစိုးရ မီးသတ်ဌာနတစ်ခုအဖြစ်      နိုင်ငံတော် အစိုးရက ဖွဲ့စည်းပေးခဲ့သည်။

 


ဗမာတစ်နိုင်ငံလုံးဆိုင်ရာ    မီးသတ် အစည်းအရုံး ပဉ္စမအကြိမ်ညီလာခံကြီးကို ၁၉၅၁ ခုနှစ် ဇူလိုင်    ၈   ရက်နေ့တွင် ရန်ကုန်မြို့ အမှတ်(၄၂၀)  ကုန်သည် လမ်းရှိ နိုင်ငံတော်အစိုးရ    မီးသတ်ဌာန သင်တန်းကျောင်းခန်းမကြီး၌  ကျင်းပခဲ့ ရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက  ဩဝါဒ စကားပြောကြားခဲ့သည်။        ညီလာခံ သဘင်သို့    အစိုးရဝန်ကြီးများ   တက် ရောက်ခဲ့ကြသည်။   ထို့နောက်  ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်   ကာလများအတွင်း မီးသတ်ညီလာခံဆဋ္ဌမအကြိမ်၊   သတ္တမ အကြိမ်နှင့် အဋ္ဌမအကြိမ်များကို  ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး         ညီလာခံများသို့ နိုင်ငံတော်သမ္မတဦးဘဦး၊    နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနှင့် ဒုတိယဝန်ကြီးချုပ် သခင်တင်တို့           တက်ရောက်ချီးမြှင့်ခဲ့ သည်။

 


၁၉၆၀ ပြည့်နှစ် မေ  ၁၄ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ     မီးသတ်အစည်း အရုံးကြီး၏             နဝမအကြိမ်မြောက် ညီလာခံကို      ရန်ကုန်မြို့၊     ပြည်လမ်း၊ အမှတ် ၂၇၅   (ဘီ)  တွင်    ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါညီလာခံ သည်     နောင်တွင်    နောက်ဆုံးအကြိမ် ကျင်းပခဲ့သော    ညီလာခံတစ်ခု     ဖြစ်ခဲ့ သည်။ နှစ်စဉ်ပြုလုပ်သော  ညီလာခံများ ကို နိုင်ငံတော်အကြီးအကဲများ တက်ရောက် ခဲ့သည့် အစဉ်အလာအတိုင်း နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုက    ဩဝါဒအမှာစကား ပြောကြားခဲ့သည်။

 


ဝန်ကြီးချုပ်ဦးနုက မီးသတ်လုပ်ငန်း နှင့်ပတ်သက်၍     ဩဝါဒအမှာစကား ပြောကြားခဲ့ရာတွင်    “မီးသတ်ဖို့ဆိုတဲ့ ကိစ္စဟာ တစ်ယောက်တည်းနဲ့   လုပ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး၊ အစိုးရက  ချည်းပဲ လုပ်လို့မရဘူး၊    မီးသတ်အဖွဲ့ကချည်းပဲ လုပ်လို့မရဘူး၊ အစိုးရ၊ မြူနီစီပယ်အဖွဲ့၊ ပြည်သူလူထု၊ မီးသတ်သမား စတဲ့ ပုဂ္ဂိုလ် လေးမျိုးက လေးဖက်လေးတန်ဝိုင်းပြီး လုပ်မှဖြစ်တဲ့ကိစ္စဖြစ်တယ်၊၊    အစိုးရက လည်း   တတ်နိုင်သလောက်ကြိုးစားပြီး အကူအညီပေးမယ်၊၊     တစ်နိုင်ငံလုံးမှာ ရှိကြတဲ့      သက်ဆိုင်ရာအဖွဲ့တွေကို ကျွန်တော်မေတ္တာရပ်ခံချင်တာကတော့ ခင်ဗျားတို့  တတ်နိုင်တဲ့နည်းနဲ့ မီးသတ် အဖွဲ့ကို  အစွမ်းကုန်ကူညီပါ၊၊ မီးသတ် အဖွဲ့ကို     ကူညီတာဟာ    အင်မတန် ကြီးကျယ်တဲ့ ကုသိုလ်ကြီးတစ်ခု ဖြစ်ပါ တယ်” ထိုညီလာခံသို့  ခရိုင် ၃၂ ခရိုင်၊ မြို့နယ်ပေါင်း ၃၀၀ တို့မှ မီးသတ်အစည်း အရုံးခွဲပေါင်း ၅၆၀ မှ ဦးစီးကိုယ်စားလှယ် ၅၆၀    အပါအဝင်    ညီလာခံကိုယ်စားလှယ် ပေါင်း       ၁၆၈၀    တက်ရောက်ခဲ့သည်။    နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၊  တရားရေး ဌာနဝန်ကြီး     ဒေါက်တာဦးအေးမောင်၊ ပြည်သူ့လွှတ်တော်           ဥက္ကဋ္ဌကြီး မန်းဘဆိုင်၊     ပြည်သူ့အိုးအိမ်ဝန်ကြီး ဌာနအတွင်းဝန်                ဝဏ္ဏကျော်ထင် ဦးခင်မောင်လွင်   စသည့်  အရာရှိအရာခံ များ၊ ဧည့်သည်တော် မြို့မိမြို့ဖများနှင့် လေ့လာသူ     ၂၀၀    ကျော်တို့လည်း တက်ရောက်ခဲ့ကြသည်။

 


 မျက်ခြည်မပြတ် လေ့လာ


မီးသတ်လုပ်ငန်းသည်        ဖွံ့ဖြိုး တိုးတက်လာသော နိုင်ငံ၏အခြေအနေ နှင့် လိုက်လျောညီထွေဖြစ်လာရန်လိုပြီး ပြောင်းလဲလာသော  အခြေအနေများနှင့် နည်းပညာများအပေါ်     မျက်ခြည်မပြတ် လေ့လာပြီး     ခေတ်မီမီးသတ်ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်    အကျွမ်း တဝင်ရှိရန် လိုအပ်သည်။ ကမ္ဘာ့မီးသတ် တပ်ဖွဲ့ဝင်များအားလုံး၏     မီးသတ် လုပ်ငန်းများဖြစ်သည့်    မီးငြှိမ်းသတ် ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများမှာ  သဘာဝဘေးအန္တရာယ် တစ်စုံတစ်ခု      ကျရောက်လာပါက နယ်စည်းမခြား     နိုင်ငံတစ်ခုနှင့်တစ်ခု ကူးလူးဆက်ဆံ      အပြန်အလှန်ကူညီ ကယ်ဆယ်မှုများရှိလာသည်။      မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ     အနေဖြင့် လည်း ကမ္ဘာကို ရင်ပေါင်တန်းနိုင်သည့် နည်းပညာစွမ်းရည်ပြည့်ဝမှုနှင့် မီးသတ် ယာဉ်/စက်ပစ္စည်းကိရိယာစွမ်းအားများ ပြည့်စုံကောင်းမွန်မှုရှိရန် အစဉ်ကြိုးပမ်း လျက်ရှိသည်။ 

 


“ယခုခေတ်မှာ     လောင်စာဖြစ်တဲ့ ဓာတ်ဆီ၊ ရေနံတွေပေါတယ်၊ မြို့ရွာအိမ် တွေ     ပြည့်ကျပ်လာတယ်၊    လူတွေ ပိုမိုများပြားလာတယ်၊ သို့သော်  အိမ်နား ချင်းပင် အသိမိတ်ဆွေ မမှတ်သူတွေက အမြောက်အမြားရှိလာတယ်၊  ဗမာပြည် ဟာ ရှေ့လျှောက်ပြီး ဒီအတိုင်းဖြစ်သွား မှာပဲ၊၊     အဲဒီတော့   တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီမှုမရှိဘူး၊    မီးလောင်လျှင် မီးသတ်သမားများဟာ      လျင်မြန်စွာ ရောက်နိုင်ဖို့ အရေးကြီးတယ်၊၊ လောင်စာ များလာလို့ မီးသတ်အစည်းအရုံးတွေ များများလိုလာမယ်၊၊ ရှေးက ဗမာစနစ်ကို ပြန်လည်ရရှိဖို့ကြိုးစားရမယ်၊၊    နှိုးဆော် ပေးရမယ်၊၊    ယခုခေတ်ဟာ    အချိန်နဲ့ လိုက်၍ လုပ်ရမယ်၊၊ စစ်တိုက်တဲ့ အတွင်း မှာလည်း     သူ့အချိန်သူဖြစ်လာတာနဲ့ မြန်မြန်ထက်ထက်လုပ်ဖို့     အရေးကြီး တယ်” ဟု  မီးသတ်အစည်းအရုံးကြီး ဒုတိယအကြိမ်ညီလာခံတွင် ပြောကြား ခဲ့သည့် ဗိုလ်ချုပ်၏ အမှာစကား ကဲ့သို့ပင် ပြောင်းလဲလာသော     ခေတ်၊     စနစ် အခြေအနေအရ           မီးဘေးအန္တရာယ်  ကာကွယ်ရေးအတွက်    အားလုံးဝိုင်းဝန်း ပါဝင်ရန် လိုအပ်သည်။ အစိုးရမီးသတ်  တပ်ဖွဲ့များသာမက       စေတနာ့ဝန်ထမ်း    မီးသတ်တပ်ဖွဲ့များ       ပိုမိုပေါ်ထွန်းလာ စေရန်             လိုအပ်ကြောင်းကိုလည်း    သတင်းစာမှတ်စုများအရ  သိရှိမှတ်သား ခဲ့ရသည်။

 


မီးသတ်တပ်ဖွဲ့၏  အရည်အသွေးနှင့် မီးသတ်စိတ်ဓာတ်စသည့်    အစဉ်အလာ ကောင်းများကို      လက်ဆင့်ကမ်းရန် လိုလာသည်။   နိုင်ငံတော်က  ချမှတ်ပေး သော   မီးသတ်တပ်ဖွဲ့၏    ရည်မှန်းချက် တာဝန်ကြီး (၄) ရပ်တွင် မီးဘေးလုံခြုံရေး ဆိုသည့်     ရည်မှန်းချက်တာဝန်တစ်ခု ထဲတွင် မီးသတိမူရေး၊  မီးဘေးကြိုတင် ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးလုပ်ငန်း များအပြင်  အခြားဘေးအန္တရာယ်အမျိုးမျိုးတို့တွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပါ           တာဝန်ယူ ဆောင်ရွက်နေရသည်ဖြစ်ရာ ကျန်သည့် သဘာဝ  ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊  ပြည်သူအကျိုးပြု ဆောင်ရွက်ရေး    လုပ်ငန်းများအားလုံး ပါဝင်သည့် တာဝန်ကြီးလေးရပ်လုံးကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မီးသတ်သမားများအနေဖြင့်     မီးသတ် တပ်ဖွဲ့၏ မူလဘူတသဘောတရားများ၊ ကျင့်ဝတ်များအပြင် အောက်ခြေမီးသတ် ရဲဘော်မှအစ အထက် မီးသတ်အရာရှိတို့ အထိ    ခံယူချက်များ    ထပ်တူရှိစေရေး၊ အတွေးအမြင်များ၊    အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အခြေအနေများ နှင့်    အစဉ်အလာကောင်းများ    ဖန်တီး ပေးရန် လိုအပ်လာသည်ဟု ဆိုရပေမည်။ နိုင်ငံတကာ     မီးသတ်တပ်ဖွဲ့များတွင် လည်း    မီးသတ်သမားများ   အချင်းချင်း နှစ်စဉ် နှီးနှောဖလှယ်မှုသည် လက်တွေ့ အကျိုးရှိကြောင်းသိမြင်၍ အခမ်းအနား များကို ကျင်းပသည်ကိုလည်း   တွေ့ရှိရ သည်။

 


အနှစ်ချုပ်ဆိုရသော်     ကိုသာဇံ၏ မှတ်စုထဲမှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဆိုသည်မှာ  မီးသတ်သမားများအားလုံး တူညီသော မျိုးချစ်စိတ်ဓာတ်၊ ထက်သန် သော     ပရဟိတစိတ်ဓာတ်များဖြင့် တစ်စုတစ်စည်းတည်း စတင်တွေ့ဆုံနိုင် ခဲ့သည့်နေ့၊ မီးသတ်တပ်ဖွဲ့  သန္ဓေတည် ပေါ်ပေါက်လာစေရေးဆိုင်ရာ အဆိုပြု ချက်များအပေါ်     မီးသတ်သမားတို့ ညီညွတ်စွာ ထောက်ခံဆုံးဖြတ်ကြသည့် နေ့၊ မီးသတ်သမားများကို နိုင်ငံတော်မှ ချီးမြှောက်ပေးသည့်နေ့၊       မီးဘေး အန္တရာယ်ကို        မီးသတ်သမားတိုင်း အမျိုးသားရေး     တာဝန်တစ်ရပ်အဖြစ် မဆုတ်မနစ်          ဇွဲလုံ့လပြင်းစွာဖြင့် ဆက်လက်       ဆောင်ရွက်သွားနိုင်ရန် သွေးသစ်လောင်းတဲ့နေ့ဟု    အဓိပ္ပာယ် ဖွင့်ဆိုရမှာဖြစ်ပါကြောင်းဖြင့် ၂၀၂၃ ခုနှစ် မေ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။       ။