
မက္ကဆီကို ဧပြီ ၂၉
မက္ကဆီကိုသမ္မတ အန်ဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါ သည် ကိုဗစ်-၁၉ ကုသမှုခံယူပြီးနောက် ရောဂါစစ်ဆေးရာတွင် ရောဂါ ပျောက်ကင်းသွားပြီဟု အဖြေထွက်ကြောင်း ဧပြီ ၂၈ ရက်တွင် ပြော သည်။ တစ်ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ပြီးနောက် ပုံမှန်ပြုလုပ်နေ ကျ သတင်းစာရှင်းလင်းပွဲသို့ ပြန်လည်တက်ရောက်ခဲ့ပြီး ဆရာဝန်များ က ၎င်းကိုရေများများသောက်ရန်နှင့် အနားယူရန် ညွှန်ကြားထား ကြောင်း ပြောသည်။ ဧပြီ ၂၃ ရက်တွင် မက္ကဆီကိုသမ္မတ က ၎င်းတွင် ကိုဗစ် - ၁၉ တတိယအကြိမ်ကူးစက်ခံထားရကြောင်း ကြေညာခဲ့ သည်။ အသက် ၆၉ နှစ်အရွယ် မက္ကဆီကိုသမ္မတ က ၎င်းတွင် သွေးတိုး ရောဂါ ခံစားနေရပြီး ၂၀၁၃ ခုနှစ်တွင် နှလုံးရောဂါခံစားခဲ့ရသည်ဟု ပြောသည်။
ဆင်ဟွာ