
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် State-owned Enterprise (SOE) နိုင်ငံတော် ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေ သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၉) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ (ယာပုံ)
အလေးထားဆောင်ရွက်
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း (၅) ခု၏ လုပ်ငန်းအကောင်အထည် ဖော်နိုင်မှု အခြေအနေသုံးသပ်ခြင်း အစည်းအဝေးပြုလုပ်ရခြင်းမှာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းအကောင်အထည် ဖော်ရာတွင် ရငွေနှင့် သုံးငွေကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပိုမို သုံးစွဲမှု ရှိ/ မရှိ ပြန်လည်သုံးသပ်ရန်၊ အမှန်လိုအပ်ချက်ထက် ပိုလျှံသည့် ဝန်ထမ်းများ မရှိစေရေး ပိုမိုခန့်ထားခြင်းများ မဖြစ်စေရန်၊ မလိုအပ်သည့် အသုံးစရိတ်များ ချွေတာရေး စိစစ်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရာတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ရရှိအောင် ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးပြုစေရေး အထူး အလေးထားဆောင်ရွက်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ရလဒ်ကောင်းများ ရရှိလာမည်
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသည် Corporate Governance ကောင်းမွန်သော စီမံအုပ်ချုပ်မှုရှိစေရန် စည်းကမ်းတကျရှိမှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုတို့ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မူဝါဒကောင်းများရှိရန်လိုအပ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့် စနစ်တကျကောင်းမွန်လျှင် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း များသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ SOP များနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းမှုအပိုင်းတွင်လည်း မိမိတို့ ရည်မှန်းချက်၊ ဦးတည်ချက်ကို ရရှိနိုင်မည့် စုဖွဲ့မှုမျိုးဖြစ်ရန် လိုအပ် ကြောင်း၊ မြို့နယ်အဆင့်ဝန်ထမ်းအထိ မိမိအဖွဲ့အစည်း၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို သိရှိနေရန် လိုအပ်ကြောင်း၊ အကြောင်းကိစ္စ၊ ပြဿနာ ရှိလျှင် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မှန်ကန်ပြီး မြန်ဆန်နေရန် လိုအပ်ကြောင်း၊ Conflict of Interest(COI) မဖြစ်စေရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကောင်းမွန်သော စီမံ အုပ်ချုပ်မှု ဆောင်ရွက်နိုင်လျှင် ရလဒ်ကောင်းများ ရရှိလာမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
အသေးစိတ်ရှင်းလင်းတင်ပြ
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်သည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တု တွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်း ဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ ဦးဆောင်ညွှန်ကြား ရေးမှူးများက မိမိတို့လုပ်ငန်းအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းတင်ပြရာ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်