
ဝါရှင်တန် ဧပြီ ၂၈
အထောက်အထားမပါသည့် ရွှေ့ပြောင်းနေထိုင်သူများ အမေရိကန် - မက္ကဆီကို နယ်စပ်သို့ အလုံးအရင်း ဖြင့် ဝင်ရောက်လာနိုင်သည့်အတွက် ၎င်းတို့ကိုတားဆီးရန် လက်တင်အမေရိကတွင် စင်တာများဖွင့်လှစ် ဆောင်ရွက်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
အမေရိကန်သည် အခြားနိုင်ငံများနှင့်အတူ အနောက်ကမ္ဘာခြမ်းရှိ အဓိကကျသော နေရာများ တွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် ဒေသဆိုင်ရာ စင်တာများကို တည်ဆောက်သွားမည်ဟု ဧပြီ ၂၆ ရက်တွင် အမေရိကန်အစိုးရကပြောသည်။ ပုံမှန် မဟုတ်သည့်ရွှေ့ပြောင်းနေထိုင်မှုကို လျှော့ချရန်နှင့် ဘေးကင်းလုံခြုံပြီး စနစ်ကျသည့်လမ်းကြောင်းကို တည်ဆောက်ရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။ ကိုလံဘီယာ၊ ဂွာတီမာလာတို့အပါ အဝင် အခြားသောနိုင်ငံများတွင် ပထမဆုံး စင်တာများကို တည်ဆောက်သွားမည်ဟု အမေ ရိကန်အစိုးရက ပြောသည်။
အမေရိကန်သို့ ဝင်ရောက်လိုသည့်လူများသည် အဆိုပါစင်တာများတွင် စစ်ဆေးမှုခံယူရမည်ဖြစ် သည်။ ထိုသို့စစ်ဆေးပြီးနောက် အမေရိကန်သို့ ဝင်ရောက်ရန် ခွင့်ပြုချက်ရရှိပါက အဆင်ပြေချောမွေ့ ရန် အကူအညီများ ထောက်ပံ့ပေးသွားမည်ဟု အရာရှိများက ပြောသည်။ အမေရိကန်တောင်ပိုင်း နယ်စပ်သို့ အထောက်အထားမဲ့ ဝင်ရောက်လာ သည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၂ ဒသမ ၇၆ သန်း ရှိလာပြီ ဖြစ်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် နယ်စပ်ပြဿနာ ဖြစ်ပွားသည်ဟု ရီပတ်ဘလီကန်များက ဝေဖန်ကြသည်။
ကိုဗစ် - ၁၉ ကန့်သတ်ချက်များ ဖြေလျှော့ ပေးပြီးနောက် မေ ၁၁ ရက် နောက်ပိုင်းတွင် အမေရိကန်သို့ အထောက်အထားမဲ့ ဝင်ရောက် လာမည့် ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ ပို၍များပြား လာမည်ဟု ခန့်မှန်းထားကြသည်။
အင်န်အိတ်ချ်ကေ