အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားသုံးပွင့်ဆိုင်ယန္တရား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းလျက်ရှိ

Type

 

လုပ်သားမောင်

မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အတည်ပြုပါဝင်ထားသော အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့်   စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၈၇) ကို ILO နှင့် ပူးပေါင်း၍ အပြည့်အဝလိုက်နာ    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  အလုပ်ရှင်နှင့်  အလုပ် သမားများအကြား၊ အလုပ်သမားအချင်းချင်းအကြား အလုပ်သမားရေးရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက် ရာတွင်   အလုပ်သမားများအား   ကိုယ်စားပြု၍ လွတ်လပ်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အညီ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၄ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်း ဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ကိုးဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့  တစ်ဖွဲ့၊ အခြေခံ အလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့ အစည်း တစ်ဖွဲ့နှင့်   အလုပ်ရှင်အဖွဲ့ချုပ်   တစ်ဖွဲ့ စုစုပေါင်း ၃၀၄၃ ဖွဲ့တို့ကို အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများအဖြစ်   အသိအမှတ်ပြုလက်မှတ် များထုတ်ပေးခဲ့ပြီး    ၎င်းအဖွဲ့အစည်းများအား ကိုယ်စားပြုသည့်      အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များတွင်      အစိုးရ ကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 


အငြင်းပွားမှုဖြေရှင်းရေးယန္တရား


၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား များအကြား    ဖြစ်ပွားသော   အငြင်းပွားမှုများကို တရားမျှတစွာ   ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာ နှင့်မြန်ဆန်စွာ ရရှိခံစားနိုင်စေရန် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနအဆင့်တွင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဦးနှစ်ဖက် လွတ်လပ်စွာညှိနှိုင်း ဆောင်ရွက်နိုင် ရေးအတွက် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်း ရေးကော်မတီ(WCC)များ ဖွဲ့စည်း၍ ဖြေရှင်းဆောင် ရွက်လျက်ရှိပြီး နှစ်ဦးနှစ်ဖက် ပြေလည်မှုမရရှိသော အလုပ်သမားရေးရာကိစ္စရပ်များကို အစိုးရ၊ အလုပ်ရှင် နှင့် အလုပ်သမားသုံးပွင့်ဆိုင်   ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့်    မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိအဖွဲ့ ၁၅ ဖွဲ့နှင့် ခုံသမာဓိကောင်စီတို့မှ အဆင့်ဆင့် ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိသည်။  အငြင်းပွားမှု   ဖြေရှင်း ရေးယန္တရားတွင် အလုပ်ရှင်နှင့်   အလုပ်သမား အငြင်းပွားမှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် ရလဒ်ကောင်းများ ရရှိ လာစေရန် ရည်ရွယ်၍  အလုပ်သမားရေးရာ အငြင်း ပွားမှုဖြေရှင်းရေးဆိုင်ရာ  နှီးနှောဖလှယ်ပွဲ များကို ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်    စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၌လည်းကောင်း၊ မန္တလေးမြို့ မြို့တော်ခန်းမ၌လည်းကောင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား   သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 


အဆိုပါ   နှီးနှောဖလှယ်ပွဲများ၌    ခုံသမာဓိ ကောင်စီ၊ ခုံသမာဓိအဖွဲ့ဝင်များနှင့်  မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များဖြစ်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား   သုံးပွင့်ဆိုင်    ကိုယ်စားလှယ်များ အနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်း ရေးဥပဒေနှင့်အညီ အငြင်းပွားမှုများအား   ညှိနှိုင်း ဖျန်ဖြေစစ်ဆေးဆုံးဖြတ်ရာ၌ တွေ့ကြုံရသည့်အခက် အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်း ချက်များ၊ ဥပဒေနှင့်အညီ   ဖြေရှင်းပေးနိုင်မှုများ၊ အခွင့်အရေးဆိုင်ရာနှင့်     အကျိုးစီးပွားဆိုင်ရာ တောင်းဆိုမှုများ ရောထွေးလျက်ရှိသော အငြင်းပွားမှု များအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များကို သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးဖလှယ်ခဲ့ကြပါ သည်။ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်များအတွက် ထွက်ပေါ်လာခဲ့ သည့် ရလဒ်ကောင်းများအရ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီး  တို့တွင်  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး    အဖွဲ့ဝင်များ ဖြစ်ကြသည့် အစိုးရ၊ အလုပ်ရှင်နှင့်  အလုပ်သမား သုံးပွင့်ဆိုင်မိတ်ဖက်များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆွေးနွေးပွဲများကို  ကျင်းပပြုလုပ်ပေး နိုင်ခဲ့သည်။

 


လုပ်ငန်းခွင်အေးချမ်းသာယာရေး


ဝန်ကြီးဌာနအနေဖြင့်   စက်ရုံ၊   အလုပ်ရုံနှင့် လုပ်ငန်းဌာနများတွင် လုပ်ငန်းခွင်အေးချမ်းသာယာ ရေးအတွက်  သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အလေးထား  ဆောင်ရွက်လျက်ရှိရာ ကိုဗစ် ၁၉ ကပ်ရောဂါ   ကူးစက်မှုကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ အား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး၊ စက်မှုဇုန်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ နှင့် အရေးကြီးလူနာများအတွက် ဆေးဝါးဝယ်ယူရေး ကိစ္စများ အဆင်ပြေစေရေး၊ လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ဆေးကုသမှု ခံယူရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ လူမှု ဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစား နိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ကိုဗစ် ၁၉ ကပ်ရောဂါ၏  အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးထိခိုက်မှုများ ဖြစ်ပွား ခဲ့ရပြီး  မြန်မာနိုင်ငံတွင်လည်း   စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများ၏ လူမှုစီးပွား ဘဝများအပေါ် ရိုက်ခတ်မှုများ၊ အလုပ်အကိုင်ဆုံးရှုံး မှုများ ရှိလာပါသည်။ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသောအလုပ်သမားများနှင့် အလုပ်ရှာဖွေနေသူများအနေ ဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါ လျော့ပါးသက်သာလာချိန် တွင် ပြန်လည်ဖွင့်လှစ်သည့် စက်ရုံများ၊ အသစ်ထပ်မံ ဖွင့်လှစ်မည့်  စက်ရုံများတွင်   ပေါ်ပေါက်လာသည့် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေး၊ အလုပ် အကိုင်  လိုအပ်ချက်နှင့်အညီ  ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်သမားများအနေဖြင့် ဥပဒေနှင့် အညီ  အလုပ်သမားအခွင့်အရေးများ   ခံစားရရှိနိုင် ရန်   တာဝန်ရှိသူအဆင့်ဆင့်မှ    အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်   ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ရပိုင်ခွင့်နှင့်တာဝန်များကို ရှင်းလင်း စွာသိရှိစေရေး အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်များ  ချုပ်ဆိုဆောင်ရွက်ရေး၊   လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် အလုပ်ရှင်နှင့်အလုပ် သမားများ တွေ့ကြုံရင်ဆိုင်နေရသော အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များ ကို အစိုးရ၊ အလုပ်ရှင်နှင့်အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင်  စက်ရုံ၊  အလုပ်ရုံများ   ပိတ်သိမ်းမှုကြောင့် အချို့သော     အလုပ်သမားအဖွဲ့အစည်းများ၏ ဆက်လက် ရပ်တည်နိုင်မှု၊ သုံးပွင့်ဆိုင်ဆွေးနွေးမှုများတွင် အလုပ်သမားအဖွဲ့အစည်းများ၏ ကိုယ်စား ပြုမှုများ  ပြန်လည်အားကောင်းလာစေရန်အတွက် အစိုးရက  ဦးဆောင်၍   အလုပ်သမားအဖွဲ့အစည်း များနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန် အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

 


အကျိုးခံစားခွင့်များ


ထို့ပြင်  အလုပ်သမားများ၏  လူမှုစီးပွားဘဝ များအပေါ် ရိုက်ခတ်မှုများကြောင့် ဝင်ငွေဆုံးရှုံးမှုများ ရှိခဲ့ရာ လူမှုဖူလုံ‌ရေးထည့်ဝင်ကြေးများကို သက်ဆိုင်ရာ လကုန်ဆုံးပြီး   သုံးလထက်   နောက်မကျစေဘဲ ပေးသွင်းခြင်းအစား   ၂၀၂၁  ခုနှစ်  မေလမှစ၍ သက်ဆိုင်ရာလကုန်ဆုံးပြီး    ခြောက်လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအပေါ် ပျက်ကွက် ကြေးများကို ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကြော်ငြာ စာထုတ်ပြန်ခြင်း၊  ကိုဗစ်ကာလအတွင်း   အလုပ် လက်မဲ့ဖြစ်သွားသည့်    အာမခံအလုပ်သမားများ အတွက်   တစ်နှစ်အထိ  ဆေးကုသမှုခံယူခွင့်နှင့် ဆေးဖိုးခရီးစရိတ်များ  ခွင့်ပြုခြင်း၊  လူမှုဖူလုံရေး အကျိုးခံစားခွင့်များ   အပြည့်အဝရရှိခံစားနိုင်ရေး တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


နိုင်ငံတော်အစိုးရက   အကြမ်းဖက်အုပ်စုများ အဖြစ် သတ်မှတ်ကြေညာထားသော  NUG   နှင့် CRPH  အဖွဲ့များကို ထောက်ခံအားပေးမှုပြုနေသည့် အဖွဲ့အစည်းအချို့က အစိုးရ၊ အလုပ်ရှင်နှင့် အလုပ် သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအပေါ် အပြု သဘောမဆောင်သော မဟုတ်မမှန်သည့် သတင်း အချက်အလက်များ ဖြန့်ဝေလှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများပြုလုပ်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ် သမားသုံးပွင့်ဆိုင်   ပူးပေါင်းဆောင်ရွက်မှုများကို ပြိုကွဲစေခြင်းဖြင့်   အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။

 


သို့ဖြစ်၍ ပကတိအခြေအနေတွင်  အလုပ်သမား များ၏ အကျိုးစီးပွားကို လိုလားသောအလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အစိုးရနှင့် အလုပ်ရှင်   ကိုယ်စားလှယ်များနှင့်   သုံးပွင့်ဆိုင် ပူးပေါင်း၍   အလုပ်သမားရေးရာကိစ္စရပ်များကို တက်ညီလက်ညီဆောင်ရွက်နေမှုအပေါ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက် မှုများကို မလိုလားသောအဖွဲ့အစည်းများက အပြု သဘောမဆောင်သည့် ထုတ်ပြန်ချက်များ မည်သို့ ထုတ်ပြန်နေသည်ဖြစ်စေ သုံးပွင့်ဆိုင်ယန္တရား ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုရေးသားလိုက် ရပါသည်။      ။