ဆိုမာလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း မိုးခေါင်မှုကိုဖြေရှင်းရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁၂ သန်းသုံးစွဲ

 

မိုဂါဒစ်ရှူး   ဧပြီ   ၂၇


ဆိုမာလီနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ဆိုးရွားသည့်    မိုးခေါင်မှုအခြေ အနေကို   ဖြေရှင်းရန်  ဆိုမာလီ      လူသားချင်းစာနာမှု    ရန်ပုံငွေ (အက်စ်အိတ်ချ်အက်ဖ်)မှ စုစုပေါင်း ရန်ပုံငွေ  အမေရိကန်ဒေါ်လာ ၁၁၂  ဒသမ ၄ သန်းကို သုံးစွဲခဲ့ကြောင်း ကုလသမဂ္ဂ    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီက  ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။

 


ဆိုမာလီနိုင်ငံ၌    လူသားချင်း       စာနာထောက်ထားမှု   အကူအညီ နှင့်    အကာအကွယ်များ  လိုအပ် နေသည့်    လူအရေအတွက်မှာ ၂၀၂၁ ခုနှစ်က ၅ ဒသမ ၉ သန်း ရှိရာမှ ၂၀၂၂  ခုနှစ်တွင် ၇  ဒသမ ၈   သန်းအထိ  တိုးလာခဲ့ကြောင်း ဆိုမာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ   လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူး အက်ဒမ် အက်ဒဲမိုလာက ပြောကြားသည်။

 


ဆိုမာလီနိုင်ငံ၌      နှစ်    ၄၀ အတွင်း  အဆိုးရွားဆုံး  မိုးခေါင် ရေရှားမှုကြောင့်      လူသားချင်း စာနာ       ထောက်ထားမှုဆိုင်ရာ အရေးပေါ်    လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ရန်ပုံငွေကို မဟာဗျူဟာကျကျ အသုံးပြုခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။   ၂၀၂၁  တွင်  ဒေါ်လာ ၅၈ ဒသမ ၇ သန်းရရှိရာမှ ၂၀၂၂ခုနှစ် တွင် ဒေါ်လာ ၆၇ သန်းအထိ ပံ့ပိုးမှု များ    တိုးမြင့်လာသည့်အတွက် ၎င်းက  အလှူရှင်နိုင်ငံများအား   ချီးကျူးထားကြောင်း သိရသည်။ 


ဆင်ဟွာ