
နေပြည်တော် ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဧပြီ ၂၁ ရက်က မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပုလော မြို့နယ် အမှတ်(၁)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပုလောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ် နှစ် စီး၊ မီးသတ်ယာဉ် လေးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ တစ်နာရီ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်နေ မချိုချိုသွေး (၂၆)နှစ်၏ နေအိမ်ရှိ မီးဖိုချောင်တွင်အသုံးပြုသည့် မီးကြွင်း မီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ် စုစုပေါင်း ၂၁ လုံး မီးကူး စက်လောင်ကျွမ်းခဲ့သဖြင့် မချိုချိုသွေးအား ပုလောမြို့မရဲစခန်း အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား