ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဘဲလင်း - အုန်းတော မဟာဓာတ်အားလိုင်းတာဝါတိုင်များ ပြုပြင်မှုကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဧပြီ    ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ   ယနေ့ မွန်းလွဲပိုင်းတွင်   မန္တလေးတိုင်းဒေသ ကြီး     တံတားဦးမြို့အနီးမှ   ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့်    ၂၃၀  ကေဗွီ    ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင် သုံးတိုင် ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ   တိုက်ခတ်မှုကြောင့်    ပြိုလဲ ပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ (ယာပုံ)
ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေး
ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝါတိုင်များ ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်း ခွင်သို့      ရောက်ရှိရာ    ယာယီရှင်းလင်းဆောင်၌ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်   ကွပ်ကဲရေးဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ်     သူရအောင်ဘိုနှင့် တာဝန်ရှိသူတို့က တာဝါတိုင်များ ပြိုလဲပျက်စီးဖြစ်ပေါ် ခဲ့မှု၊ လက်ရှိပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်    ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်  လုပ်ငန်းအစီအမံ  များနှင့်    ပတ်သက်၍    ရှင်းလင်းတင်ပြကြသည်။ ယင်းနောက်     ပြည်ထောင်စုဝန်ကြီးက    စီမံကိန်း လုပ်ငန်းခွင်အတွင်း   တာဝါသံပေါင်များ  တပ်ဆင် နေမှု၊    ဓာတ်အားလိုင်း    ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တာဝါတိုင်များ ပြန်လည်စိုက်ထူ နိုင်ရေး Foundation လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို  ကြည့်ရှုစစ်ဆေးပြီး  ပြည်သူများ လျှပ်စစ် ဓာတ်အားပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အမြန် ဆုံး     ပြီးစီးနိုင်ရေး    ကြိုးပမ်းဆောင်ရွက်ကြရန် နှင့်      လုပ်ငန်းများဆောင်ရွက်စဉ်     လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်    လုံခြုံရေး   ဂရုပြု ဆောင်ရွက်သွားရန် မှာကြားသည်။
တာဝါတိုင် ပြန်လည်ပြုပြင်တည်ဆောက်
အဆိုပါ    ၂၃၀ ကေဗွီ   ဘဲလင်း - အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်ကို  စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသများသို့   ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှု ကြောင့် ဓာတ်အားလိုင်း တာဝါတိုင် သုံးတိုင် ပြိုလဲ ပျက်စီးသွားခဲ့၍    အဆိုပါဒေသများတွင်   လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ      ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး လျှပ်စစ် ဓာတ်အား   ပို့လွှတ်ရေးနှင့်   ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး လေးရုံးနှင့် မဟာဓာတ်အားလိုင်းမှူးရုံး သုံးရုံးတို့မှ   လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဖြင့်    အဖွဲ့ သုံးဖွဲ့ခွဲကာ ဓာတ်အားလိုင်းတာဝါတိုင် ပြန်လည်ပြုပြင် တည် ဆောက်ခြင်းလုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                  သတင်းစဉ်