
မန္တလေး ဧပြီ ၂၁
၂၀၂၃ ခုနှစ် မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန် အလုပ်သမား ဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ အလုပ် အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကို ယနေ့တွင် Mingalar Mandalay Shopping Complex ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီး ဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ ဌာန ဆိုင်ရာအကြီးအကဲများ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ များ တက်ရောက်ကြသည်။
အလုပ်အကိုင်အခွင့်အလမ်း ပြပွဲ (Job Fiar)ကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး အလုပ် လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီ များ၊ လုပ်ငန်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
အလုပ်သမား ဝန်ကြီးဌာန သည် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များကို တစ်နေရာတည်း ၌ တွေ့ဆုံ၍ အချိန်ကုန်၊ ငွေကုန် သက်သာစွာနှင့် One Stop Ser-vice ဖြင့် အလုပ်အကိုင်များရရှိရေး အတွက် အလုပ်အကိုင်အခွင့် အလမ်းပြပွဲများကို အသင်းအဖွဲ့ များ၊ ကုမ္ပဏီများ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုး ဆောင် အေဂျင်စီများနှင့်ပူးပေါင်း ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အလုပ်အကိုင် အခွင့် အလမ်းပြပွဲများ ကျင်းပခဲ့ရာ (၇၁) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်အကိုင်အခွင့် အလမ်းပြပွဲတွင် စက်ရုံ၊ အလုပ်ရုံ နှင့် ကုမ္ပဏီများ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုး ဆောင် လိုင်စင်ရအေဂျင်စီ စုစု ပေါင်း ၂၂ ခုတို့မှ ပါဝင်ပြသခဲ့ ကြောင်း သိရသည်။
သတင်းစဉ်